"ဟင်....ဘာလို့လည်း ကိုယ် လိုက်ပြီး သစ်ပေး
ရအုန်းမှာလား...."

"မ...မဟုတ်ဘူး...."

ခန္ဓာကိုယ်အား ရစ်ပတ်ထားသည့် စောင်အား
ဖယ်ရှားလျှက် ခွန်းသစ်စကို တွန်းဖယ်ပြီးနောက် ရေချိုးခန်းထဲသို့ အရိပ်စစ် လျင်မြန်စွာ ပြေးဝင်လာခဲ့တော့သည်....

အား.....ဒါ ဘယ်လို အခြေအနေကြီးလဲ ...
သူများအိမ်ပေါ်တက်ပြီး ပိုင်းစိုးပိုင်းနင်းနဲ့...

ရေချိုးခန်း မှန်ပေါ်မှ ကောင်ငယ်လေး၏
မျက်နှာနုနုသည် ရဲရဲနီလျက် သဘောတကျ
ပြုံးရွှင်လို့နေလေသည်....

နောက်နေ့တွေတော့ အခန်းတံခါးလော့ချ
အိပ်ရမည်ဟုသာ အရိပ်စစ် ဆုံးဖြတ်ချက်
ချလိုက်တော့သည်....

"လာ....အူကြူး ရေခဲသေတ္တာထဲမှာတွေ့တဲ့
ဟင်းချက်စရာတွေနဲ့ပဲ အဆင်ပြေသလို ကိုယ်
ချက်ထားတယ်...ညနေမှ ကိုယ်တို့အတူသွား
ပြီး ဈေးဝယ်ကြမယ်လေ..."

တစ်ကယ်ကို သူများအိမ်ပေါ်တက်ပြီး အိမ်
ကြီးရှင်လို လုပ်နေတော့တာပဲ...
ခွန်းသစ်စရဲ့ 'အူကြူး ခေါ်သံကြီးက တစ်ကယ့်ကို ကျောချမ်းစေတာ အမှန်ပင်...

"အဟင်း...ဒါတွေနဲ့တင် တော်တော်များ
နေပါပြီ..."

စားပွဲခုံပေါ်က ကြက်ကုန်းဘောင်ကျော်၊
၁၂မျိုးဟင်းချိုတွေ မကျည်းရွက်သုတ်လေး
တွေ စတဲ့စတဲ့ ဟင်းမယ်အစုံ ၈ပွဲကျော်လောက် က ထမင်းစားပွဲပေါ်မှာ နေရာယူထားတယ်...

အရိပ်စစ်က မျက်လုံးလှန်ပြီး သူ့ဟင်းပွဲတွေ
အကြောင်း တခုတ်တရ ပြောလာမည်အား
စောင့်ဆိုင်းနေသည့် မျက်ဝန်းများနဲ့ ခွန်းသစ်
စ ကို မော့ကြည့်လိုက်သည်....
'အလှူ့လဖက်နှင့် မျက်နှာလုပ်သည် ဟူသော
စကားပုံအား အရိပ်စစ် အခုမှ သေချာနားလည်
လိုက်သလိုပါပဲ...

မလွန်လွန်းဘူးလား...ဦးခွန်းသစ်စရေ

"ဘယ်လိုလဲ စားကောင်းရဲ့လား...."

ပထမဆုံး ထမင်းလုတ်ကို အရသာခံဝါးနေတဲ့
အရိပ်စစ်ကို တလက်လက်ထနေတဲ့ မျက်ဝန်း
တွေနဲ့ စိုက်ကြည့်လို့နေတယ်....

"အင်း....မဆိုးပါဘူး...."

ပုံမှန်လူတစ်ယောက်ဆို အရိပ်စစ်ရဲ့ စိတ်မပါ
လက်မပါ အဖြေကို စိတ်ဆိုးမိမှာ ဆိုပေမဲ့...
ခွန်းသစ်စ တစ်ယောက်ကတော့ အပျော်လုံး
စို့နေမှန်း သိပ်သိသာလွန်းတယ်....

Replace(completed)Onde histórias criam vida. Descubra agora