❤ ကိုကိုရဲ့ကလေးငယ် ၂၈ ❤

Start from the beginning
                                    

"ကျော်ထက် အခုချက်ချင်း စံအိမ်ပြန်မယ်!"

ဇိုင်း ချက်ချင်းစံအိမ်သို့ပြန်လာသည်။

လမ်းတစ်လျှောက်မှာလဲ ကလေး ကို ဆုံးရှုံးရမှာကြောက်လို့ တောင်းပန်သံကြား တဖွဖွဆုတောင်းရင်း ခေါင်းငုံ့ပြီးအသံတိတ် ငိုနေမိသည်။

ကျော်ထက်သည်လဲ အခုနေ..ဘယ်လိုဖြစ်ဖြစ်..စံအိမ်ရောက်ဖို့အရေးကြီးသည်ဖို့ မီးပွိုင့်တွေ ရှေ့ကား..နောက်ကား တွေဂရုမစိုက်ပဲ အကုန်ကျော်တတ်ကာ စံအိမ်ကိုပဲအရောက်ပြန်လာခဲ့သည်။

                >>>>>>>>>>>>>>>>>>>>

"Boss"

"ခွပ်..!ခွပ်..!"

ဇိုင်း ၀နကိုမြင်သည်နှင့် ခရီးဦးကြို နှစ်ချက်ဆင့်ထိုးလိုက်သည်။

"ကလေး..အခုဘယ်မှာလဲ.."

"အခန်းထဲမှာပါ boss အခုထိတော့ သတိမရသေးပါဘူး"

"တောက်စ် !ကလေးတစ်ခုခုဖြစ်လို့ကတော့ မင်းတို့အပါအ၀င် ကျန်တွေအကုန်လုံးပါ အသက်ရှင်ရက်နေရမယ်မထင်နဲ့.."

ပြောပြီးတာနဲ့ ဇိုင်း အရူးတစ်ယောက်လို အပေါ်ထပ်ကိုပြေးတတ်ကာ အခန်းတံခါးဆွဲဖွင့်လိုက်သည်။ မြင်လိုက်ရတဲ့မြင်ကွင်းက ဇိုင်း ရင်၀ကိုဆောင့်ကန်လိုက်သလိုပဲ ကလေးရယ်။

ဇိုင်း ကလေးငယ် အနားသွားပြီး လက်လေးကိုဆုပ်ကိုင်လိုက်သည်။ မွေ့ယာထပ် ခေါင်းမှာပတ်တီးအဖွေးသားအပြင် လက်တစ်ဖက်မှာလဲ ဆေးသွင်းရက်ကြီး ဒူးတွေပါမကျန်ဒဏ်ရာတွေနဲ့ပြည့်နေတာကိုမြင်ရတာ ဇိုင်း နှလုံးကိုအစိမ်းလိုက်ခွဲပစ်လိုက်သလိုပဲ အချစ်ရယ်..။

ဇိုင်း သုသု အနားမှာ အချိန်အတော်ကြာနေပြီးသည်နှင့် အိပ်ပျော်နေတဲ့ သုသု နှာဖူးလေးကိုနမ်းကာ အောက်ဆင်းလာခဲ့သည်။

"ငါမင်းတို့ကို ကလေး ကို သေချာဂရုစိုက်ပါလို့မှာထားတယ်လေ ဟမ်!.. ဒီကလေးကို မစောင့်ရှောက်နိုင်လောက်အောင် မင်တို့ဘယ်နားသွားသေနေကြတာလဲ..! မတော်လို့ အဲ့နေရာမှာ ကားအရှိန်လွန်ပြီး..ဟာကွာ..တောက်စ် !! ငါသတ်ရင်အကုန်လုံးသေကုန်တော့မှာပဲ..!"

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now