Just You Is Enough

5.4K 748 8
                                    

Zawgyi

အခုလိုဆိုးဆိုးဝါးဝါးကို ခေါင်းကိုက်လို့ ပျို့ချင်သလိုလိုဖြစ်တဲ့အထိကို Hangover ဖြစ်တာဆိုရင် Yibo ရဲ့ဘဝမှာ ဒါတကယ့်ကို ဒုတိယအကြိမ်မြောက်ပါပဲ။

ပထမအကြိမ်ကတော့ ကိုကို သူ့ကိုထားသွားခဲ့တုန်းကပေါ့

အထက်တန်းကျောင်းသားအရွယ်မှာ ရူးရူးမိုက်မိုက်တွယ်တာမိတဲ့သူက 'ပျင်းလာပြီ' ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ အဆက်အသွယ်ဖြတ်ပြီး သူ့ဘဝကြီးကို ဂယက်ထစေခဲ့တာလေ
အဲ့ဒီတုန်းက Wen Han နဲ့ Seung Youn ပဲ သူ့ကိုထမ်းပြီး အိမ်ပြန်ပို့ခဲ့တာ

မနေ့ညကတော့
မနေ့ညက ဘယ်သူပြန်ပို့တာလဲ

တဆစ်ဆစ်နဲ့ ခေါင်းက ထိုးကိုက်လာသလို
ပါးစပ်ထဲမှာလည်း ချဉ်သလိုလို ကြီးပါလား

'ငမူးကောင်လေး နိုးလာပြီလား'

ဖန်ခွက်ထဲ ရေအပြည့်ဖြည့်လို့ မော့သောက်နေတုန်းမှာပဲ ရေချိုးခန်းထဲက ထွက်လာတဲ့ Wen Han

'မနက်စာ ပေါင်မုန့်နဲ့ ကော်ဖီပြင်ထားတယ် မြန်မြန်စားပြီး ဆေးသောက်လိုက်'

ကော်ဖီနွေးနွေးလေးကို တစ်ငုံသောက်လိုက်ရပြီးချိန်မှာ ခေါင်းကိုက်တာ လေးပုံတစ်ပုံလောက်တော့ သက်သာသွားသလိုပဲ။

Youn ကော
Seung Youn ကော

'ဝူရှင်းတို့ အခန်းမှာခဏသွားနေမယ်တဲ့'

ရေခဲသေတ္တာထဲမှာ အစီအရီ ထည့်ထားတဲ့ ကင်မ်ချီဘူးလေးတွေက Seung Youn လာသွားခဲ့တယ်ဆိုတဲ့ သက်သေပဲလေ
Youn က အခုသူ့ကိုရှောင်သွားတာလား
ရှောင်မယ့်ရှောင် သူကရှောင်ရမှာမဟုတ်လား

ညကသာ စိတ်ဆိုးမာန်ဆိုးနဲ့ ထွက်လာတာ
အခုတော့ မျက်နှာချင်းဆိုင်ပြီး ဖြေရှင်းချင်ပါသည်

Seung Youn က ဘာလို့သူ့ကိုနမ်းတာလဲ
စချင်လို့လုပ်တာလား
မူးနေလို့လား
သူ့သူငယ်ချင်းတွေနဲ့ အလောင်းအစားလုပ်ထားလို့လား
ဒါမှမဟုတ် Youn မှာလည်း တခြားလူတွေလို checklist ရှိနေတာလား
ဒါမှမဟုတ် ဒါမှမဟုတ်
Youn ကသူ့အပေါ်ခံစားချက်ရှိနေတာလား

ဟင် ဒါတော့မဖြစ်နိုင်ပါဘူး
သူက ယောင်္ကျားလေးတွေကိုမှ မကြိုက်ပဲ
ပြီးတော့ သူတို့က အလယ်တန်းကျောင်းသားဘဝကတည်းက ပုခုံးဖက်ပေါင်းလာတဲ့သူတွေလေ
အခုမှ ရုတ်တရတ်ကြီး ဘယ်လိုလုပ် သူ့အပေါ်ခံစားချက်ရှိမှာလဲ

Winter Story (Completed)Where stories live. Discover now