Zawgyi
'ဟတ်ချိုး'
တစ်ရှူးနဲ့ နှပ်ကိုအားရပါးရညှစ်ချလိုက်ပြီး ဘေးမှာအသင့်ချထားတဲ့ အမှိုက်ပုံးလေးထဲ ဆောင့်ဆောင့်အောင့်အောင့်နှင့် ထိုးထည့်လိုက်သည်။
ညှစ်ရလွန်းလို့ နှာခေါင်းတွေလည်းနီပြီး ဘေးတွေတောင်ပွန်းနေပါပြီ။
ခံတွင်းပျက်နေသူတောင် သွားရည်ယိုချင်စဖွယ် လှိုင်ကာသင်းနေတဲ့ အနံ့နဲ့အတူ အငွေ့တထောင်းထောင်းထနေတဲ့ ကြက်စွပ်ပြုတ်လေးတစ်ခွက်ကအရှေ့ကိုရောက်လာသည်။
ကြက်စွပ်ပြုတ်ကမွှေးသည့်အပြင် တရုတ်ဆေးမြစ်ထုပ်လေးပါထည့်ပြုတ်ထားတာမလို့ မွှေးရနံ့က အတိုင်းထက်အလွန်ပင်'မသောက်ဖူး'
တံတွေးကို မသိမသာမြိုချရင်း ဖုန်းကိုသာ ဆက်ပွတ်နေလိုက်သည်။
နှာမွှန်နေလို့တော်သေးသည်။
မဟုတ်ရင် ဒီအနံ့နဲ့ဆိုသူတောင့်ခံနိုင်မှာမဟုတ်ဖူး။
ဒီအတိုင်းမြင်ရရုံနဲ့ကိုပင် သွားရည်ကကျချင်နေပြီ။အစားအသောက်နဲ့ပက်သတ်ရင် ဘယ်လိုတောင် အိနြေ္ဒမဆည်နိုင်တာလဲ။
'သောက်လိုက်ပါ Yibo ရဲ့ လိမ္မာတယ် မင်းကြိုက်တဲ့ဆီးသီးလေးတွေပါထည့်ထားတယ် မွှေးနေရော'
အခုမှပြန်လာချော့နေသည့် Wen Han ကို မျက်စောင်းကြီးသာလှိမ့်ထိုးရင်း Weibo ကိုသာ ဆက်ပွတ်နေလိုက်သည်။
ဒီနှင်းမုန်တိုင်းက ကောင်းတာတစ်ခုပြောဆိုရင် ဒီနေ့အတန်းတွေနားသွားတာပင်။မဟုတ်လည်း သူတက်နိုင်မှာမှမဟုတ်ပဲ
ဒီလောက်နှာတွေမွှန်နေတာ'ဘာနံ့မှမရဘူး မင်းကြောင့်ဒီမှာ နှာတွေစေးတာ အသက်တောင်ဝဝရှူလို့မရဘူး'
'အေးပါ အေးပါ ငါမှားသွားပါတယ် နောက်ဆိုမင်းကိုတစ်ယောက်တည်းမထားခဲ့တော့ပါဘူး'
'အလကားလျှောက်ပြောနေတယ် မင်းကောင်လေးနဲ့တွေ့ရင် မင်းကကောက်ကောက်ပါသွားပြီးတော့များ'
'တွေ့ချင်တာကိုးကွ ဒီလိုလုပ်မယ်လေကွာ နောက်ဆိုငါသူ့ဆီမသွားတော့ဘူး သူ့ကိုဒီလာခိုင်းမယ်လေ'
YOU ARE READING
Winter Story (Completed)
Short Story'နာကျင်ရမှာစိုးတာနဲ့ အနားရောက်လာတဲ့လူတိုင်းကို တွန်းထုတ်နေတာကို မင်းဘယ်တော့မှရပ်မှာလဲ' 'ဘဝထဲကို ဘယ်သူ့ကိုမှအဝင်မခံရင် ထားသွားလို့ နာကျင်ရမှာကိုလည်း စိတ်မပူရတော့ဘူးမလား' 'နာကျင်ရမှာစိုးတာနဲ့ အနားရောက်လာတဲ့လူတိုင်းကို တွန်းထုတ်နေတာကို မင်းဘယ်တော့မှရ...