COLD

16.5K 961 39
                                    

Zawgyi

'ဟိုမှာမင်းကို ကြည့်နေပြန်ပြီ'

အင်း သိသားပဲ။
နေ့လည်စာစားနေရင်းက Wen Han ညွှန်ပြရာနေရာကို လှမ်းကြည့်လိုက်တော့ ပြုံးရိပ်သန်းနေတဲ့ မျက်နှာပေးနဲ့ လှမ်းကြည့်နေတဲ့ မျက်ဝန်းတစ်စုံ

မုန်းလိုက်တာ
စိတ်ထဲရှိသမျှ မနှစ်မြို့ခြင်းတွေကို စုပေါင်းထည့်လို့ မျက်စောင်းတစ်ချက်ကိုထိုးလိုက်ပေမယ့် ထိုလူသားကတော့ အပြုံးမပျက်တဲ့အပြင် ပြုံးစစမျက်နှာပေးကနေ အခုတော့ အများစုက ချစ်စနိုးခေါ်ကြတဲ့ ယုန်သွားလေးတွေ ပေါ်အောင် လှိုက်လှိုက်လှဲလှဲကို ရယ်နေပါရောလား။

'ဘတ်' ခနဲ အသံနဲ့အတူ သူ့ဘေးနားနေရာမှာ အအေးခွက်လေးရောက်လာလို့ မော့ကြည့်လိုက်တော့ Seung Youn

Yibo ရဲ့ညာဘက်နေရာမှာ ထိုင်မယ်ပြင်နေတာမလို့ ကမန်းကတန်းပင် ကျောပိုးအိတ်လေးကို ပစ်တင်ပြီး နေရာဦးလိုက်သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Yibo ရဲ့ညာဘက်နေရာမှာ ထိုင်မယ်ပြင်နေတာမလို့ ကမန်းကတန်းပင် ကျောပိုးအိတ်လေးကို ပစ်တင်ပြီး နေရာဦးလိုက်သည်။

'ဟ ဘာလုပ်တာလဲ အဲ့တာ'

မကျေမချမ်းနဲ့ သူ့ကို ဘူကြည့်ကြည့်နေတာမလို့ စပ်ဖြဲဖြဲလေးပြုံးပြလိုက်ရင်း အရှေ့တည့်တည့်ကနေရာကို မေးငေါ့ပြလိုက်သည်။

'အဲ့မှာထိုင် ဟိုမှာ တောက်လျှောက်ကြည့်နေတာ စိတ်ကုန်လာလို့'

မအီမလည်မျက်နှာပေးနဲ့ သူညွှန်ပြရာထိုင်ချလိုက်ပြီး သူ့အအေးခွက်ကိုပြန်ပေးရန် လက်ကမ်းပေးတော့ မသိချင်ယောင်ဆောင်ကာ စတော်ဘယ်ရီမစ်ရှိတ်ကို အရသာခံပြီး စုပ်သောက်နေလိုက်သည်။

အင်း အခုမှပဲ အဆင်ပြေတော့တယ်
ဒီလိုဆို ဟိုတစ်ယောက်ကြည့်လို့မရတော့ဘူးပေါ့

ကြည့်နေသေးလား သိချင်တာကြောင့် Seung Youn ရဲ့ ခေါင်းကိုရှောင်ကာ ချောင်းကြည့်မိတော့ ဘေးက ကောင်မလေးတွေနဲ့ ပွဲကျနေလေရဲ့.....
သူ့ဘေးကတစ်ယောက်
အဲ့တာ Yang Zi မလား
အဲ့ဒီတစ်ယောက်နဲ့ဆို တွဲတာ နည်းနည်းကြာနေပြီမဟုတ်လား
ပုံမှန်ဆို Xiao Zhan က ဘယ်သူနဲ့တွဲတွဲ သုံးပတ် လေးပတ်လောက်ထပ်ပိုပြီးမတွဲတတ်ဖူးလေ

Winter Story (Completed)Where stories live. Discover now