ပန်းကန်ကို သူ့ရှေ့အတင်းထိုးပေးရင်း အသနားခံသလို မျက်နှာလေးဖြင့်

'အစကတည်းက အဲ့ဒီလိုပဲလုပ်မလို့ပဲ ဒါပေမယ့် မင်းက လူတွေရှုပ်ပြီး တရုန်းရုန်းဖြစ်နေရင်မကြိုက်ဖူးမလား အဲ့တာကြောင့်ပါကွာ နော်'

'အဲ့လိုဆိုအဆင်ပြေတယ်မလား နော် Yibo နော်'

အစကတည်းက ကြက်စွပ်ပြုတ်ကြောင့် ယိမ်းယိုင်နေတဲ့ စိတ်က အခုလိုအချော့ခံရတော့လည်း ကြာကြာတောင့်မခံနိုင်ပါဘူး

'ပြီးတာပဲ ဒါဆို'

သိပ်သောက်ချင်နေတဲ့ စွပ်ပြုတ်ကို ဇွန်းလေးနဲ့ခပ်ပြီး ရွှတ် ခနဲ တစ်လုတ်သောက်လိုက်သည်။
ချိုချိုလေးနဲ့ နွေးနွေးလေး
အဲ နွေးနွေးလေးဆိုလို့

'ဒါနဲ့ နေပါဦး အဲ့ဒီတော့မင်းကဘာလို့ မနေ့ညက ဟိုကောင် Xiao Zhan ကို လွှတ်လိုက်ရတာလဲ မင်းကိုယ်တိုင်မလာပဲနဲ့'

'အဲ အဲ့တာ အဟင်း'

'ဘာလဲ'

'ငါတို့အကုန် တီဗွီ စုကြည့်နေကြတာလေ မီးပျက်သွားတော့ ငါကမင်းကို တန်းသတိရတာပါ မင်းတော့တစ်ယောက်တည်းဖြစ်နေတော့မယ်ဆိုပြီး ပြန်မယ်လုပ်တော့ သူကအတင်းသူလည်း လိုက်မယ်လုပ်တာ'

ခေါင်းကုတ် ခြေကုတ်ဖြင့် သူ့ကို ပေကလပ် ပေကလပ် လုပ်ကာ မော်ကြည့်ရင်း

'အဲ့တာ Xu Jia က ငါ့ကိုမလိုက်သွားနဲ့တဲ့ Xiao Zhan တစ်ယောက်တည်းလွှတ်လိုက်တဲ့ အဲ့တာ'

'အား အား နာတယ် Yibo နေဦး နေဦး'

Wen Han တစ်ယောက် သူ့လက်မောင်းပေါ်ကို အဆက်မပြတ်ကျလာတဲ့ လက်သီးတွေကို ကာရင်း ရှောင်ရင်း ဆိုဖာပေါ်က ဆင်းပြေးရတော့သည်။

'မင်းက မင်းဘဲလေးပြောတာနဲ့ ငါ့ကိုသူစိမ်းတစ်ယောက်နဲ့ ဒီလိုပဲပစ်ထားတော့တာပေါ့လေ ဟမ် အလယ်တန်းကတည်းက ခင်လာတဲ့သံယောဇဉ်မှမထောက်'

'Xiao Zhan က သူစိမ်းမှ မဟုတ်တာကွာ ပြီးတော့လေ အဲ့ဒီနေ့က သူဖြစ်သွားတဲ့ရုပ်ကြီး မင်းကိုငါမြင်စေချင်တယ် မင်းကအမှောင်ကြောက်တတ်တယ်ဆိုပြီးငါကပြောတော့'

'ဘာဖြစ်သွားလို့လဲ'

'အရမ်းပျာယာခတ်ပြီး စိတ်ပူသွားတာလေ အိမ်နေရင်းတောင်မလဲပဲ ချက်ချင်းကုတ်အင်္ကျီကောက်စွတ်ပြီးပြေးထွက်သွားတာ'

Winter Story (Completed)Where stories live. Discover now