Precious[EXTRA!!!!!]

1.8K 131 8
                                    

Zawgyi

"ကိုကို ဒီနေ့ဘယ်အချိန်ပြန်လာမလဲ"

Kyungsooက သူပြင်ဆင်ပေးတဲ့
မနက်စာကို ကိုကိုခံတွင်းရော
တွေ့ရဲ့လားလို့ ကြည့်ရင်း
တိတ်ဆိတ်နေတဲ့ ထမင်းဝိုင်းကို စတင်
အသက်သွင်းတယ်

"အင်း နောက်ကျမယ် ဘေဘီ
ကိုယ့်ဘာသာ ပြန်လိုက်နော် "

Kyungsooရဲ့ ပျက်သွားတဲ့ မျက်နှာအမူအရာကို ကိုကို ဂရုမစိုက်တော့ဘူး
ဟင့်အင်း တကယ်က
ကိုကို Kyungsooကိုတောင်
ကြည့်မလာခဲ့ပါ

"ကိုယ် သွားပြီ "

Kyungsooကို ဝတ်ကျေတန်းကျေ
နှုတ်ဆက်အနမ်းတစ်ခုပေးခဲ့ဖို့တော့
ကိုကို သတိရခဲ့သား။

Kyungsooက ထမင်းဝိုင်းကထပြီး
ထွက်သွားတဲ့ ကိုကို့ကျောပြင်ကို
ထိုင်လျက်ပဲ ငြိမ်ငေးကြည့်နေတယ်

အိမ်ရှေ့က Kyungsoo
အဆင့်သင့်ချပြီးသား
ကိုကို့အလုပ်အိတ်နဲ့ ကုတ်အင်္ကျီကို
ယူပြီး ထွက်သွားမယ့် ကိုကို့ပုံစံက
အတွေးထဲ မြင်ယောင်နေပြီးသား

ဟော ကိုကို့ကားစက်နှိုးသံ...

Kyungsoo က ထိုင်နေမိတုန်းပဲ

အချိန်တွေဟာ ချစ်ခြင်းတရားကိုလည်း တိုက်စားပြစ်တတ်သလား

အခုဆို Kyungsooနဲ့ကိုကိုက
အိမ်ထောင်သက် ၁၂နှစ်ရှိပြီ။
အင်း သိပ်ကြာရှည်လွန်းပြီးဖြစ်တဲ့
အချိန်ကာလပေါ့။

ကိုကိုက လိုလေသေးမရှိKyungsooကို
ထားပေးခဲ့တယ်
ဟိုးးး Kyungsooတို့ စတွေ့တဲ့အချိန်ကတည်းက အခုချိန်ထိ...

ဒါပေမယ့် Kyungsooကို
ထာဝရချစ်ပါ့မယ်လို့ ကိုကို
ပြောခဲ့ဖူးသည်ကိုတော့
မေ့ထားပြီထင်ပါရဲ့

ကိုကို့ အပြုအမူတွေက သိပ်သိသာနေပြီမဟုတ်ဘူးလား
အိမ်ပြန်နောက်ကျတဲ့ရက်ပေါင်းတွေ
စိပ်လာပြီး။

Kyungsooကို နမ်းရှိုက်တတ်တဲ့
အကြင်နာတွေ ကျဲလာပြီး။

ကိုကို့ ရှပ်အင်္ကျီမှာ
ကိုကို့ရနံ့မဟုတ်တဲ့ ကြိုင်လှိုင်တဲ့ပန်းရံနံ့တွေက လိုတာထက်ပို မွှေးပျံ့လာပြီး။

ညုတူတူ ဖုန်းကောအကြိမ်ရေတွေက
စိပ်လာလွန်းလို့ Kyungsooသတိထားမိတဲ့အထိ။

PreciousWhere stories live. Discover now