ချစ်တတ်လိုက်တဲ့ Kim Jongin

6.3K 546 32
                                    

Zawgyi

ကောင်မလေးနှစ်ယောက်ဆိုင်ထဲက
ထွက်သွားသည်ကိုကြည့်ပြီးမှ
ဘေဘီ့ဘက်ကိုအလှည့်

အမလေး😨

မျက်မှောင်ကြီးကိုကုတ်ကာ Jonginကိုကြည့်နေတဲ့
ကလေးငယ်

အဲ့လိုမျိုးတွေ မကြည့်လိုက်ပါနဲ့ကလေးရယ်
ကြောက်လို့ပါ😰

သူ့စားလက်စ ရေခဲမုန့်လေးကိုထားခဲ့ကာ
ဆိုင်ထဲကနေ ဘောက်ဆတ်ဘောက်ဆတ်နဲ့
ထွက်သွားလေတော့

ကျွန်တော် Kim Jonginခင်မျာ
ကောက်ကောက်ပါအောင်
လိုက်ဆွဲရတော့သည်😥

"ဘေဘီ...ကလေးလေး...နေပါဦး...ကိုကိုရှင်းပြ .."

"တော်!!!!!"

ပြဲလန်နေအောင်ကို အော်ထည့်လိုက်တာမို့
လန့်ဖျတ်သွားရသည်
ကိုယ့်ကလေးငယ်ရဲ့ high noteကတော့
အသည်းဘဝင်ကို တဖျတ်ဖျတ်ခါစေတယ်😰

တစ်ခွန်းတည်းပိတ်အော်ကာ
ကားကို ဝူးခနဲ မောင်းသွားတာများ
အမလေး...တစ်ခုခုဖြစ်ရင်
Kim Jonginတို့ ရင်ကျိုးရချည်ရဲ့ 😥

ကိုယ်လည်း ကားပေါ်အမြန်တက်ကာ မောင်းသွားတဲ့
ကလေးကားနောက်ကို အသည်းအသန်လိုက်ရတော့သည်

တော်သေးသည်
ဘေဘီက အိမ်ကိုပဲပြန်မောင်းလာတာမို့

အိမ်ပြန်ရောက်တာနဲ့
ကားတံခါးကို ဘုန်းခနဲမြည်ကိုပိတ်ကာ
အိမ်ထဲကို ဝင်သွားလေပြီ

"ဘေဘီ...ဘေဘီ...ကိုကို့ ကိုကြည့်ပါဦးကလေးရယ်"

"သွား!! ဘာမှလာမပြောနဲ့ လူညာကြီး!!
ရေခဲမုန့်လည်း မစားရအောင် သက်သက်လုပ်တာမလား!"

"မဟုတ်ပါဘူးကလေးရယ် ကိုကိုက ကလေး ချောင်းတွေဆိုးမှာစိုးလို့ "

"ဘာကို လာဆင်ခြင်ပေးနေတာလည်း! ကျွန်တော့်ကို သက်သက် ချုပ်ခြယ်နေတာ တကယ် ချစ်တာလည်းမဟုတ်ပဲနဲ့ ! အလကား!"

"ဘေဘီ!!!!"

Jonginဒေါသထွက်ပြီးအော်လိုက်မိတာ
ကလေးက နေရာမှာတင်ကြောင်ရပ်လို့
မ...မဟုတ်ပါဘူး...ကလေးရယ်...

"ဟင့်...အီး..ဟီး..😭"

"ဘေ..ဘေဘီ..ကိုကိုက..."

"ဖယ်...မထိနဲ့!"

PreciousWhere stories live. Discover now