Precious

3.6K 413 25
                                    

Zawgyi

"ကိုကို ​ဘေဘီ့ကိုဒီ​နေ့တစ်​ရက်​​လောက်​ ခွင့်​​ပေးပါ "

"ခွင့်​? ​ဘေဘီက ဘာလုပ်​မလို့လဲ "

"ဒီ​နေ့Baekhyunnieရယ်​ Luhannieတို့နဲ့ သွား​တွေ့မလို့
ဘေဘီတို့ သူငယ်ချင်း​​တွေ မ​တွေ့ရတာ
ကြာပြီ​လေ "

Kyungsoo​ပြော​တော့ ကိုကိုဟာ
မလွှတ်​ချင်​တဲ့ပုံနဲ့
"​ဘေဘီရာ "တဲ့

"​နော်​...​နော်​..လို့ ..."
မချွဲစဖူး Kyungsooက ayego​တွေ လုပ်​ပြ​နေ​တော့ ကိုကိုက ရယ်​​မော​လေရဲ့
ချစ်​ခြင်း​တွေအပြည့်​နဲ့..

"ဒီ​လောက်​​တောင်​ သွားချင်​​နေတာလား
ဟုတ်​လားက​လေး...မချွဲစဖူး​ ချွဲလို့ ဘယ်​သူ​မြှောက်​​ပေးလိုက်​ပြန်​ပြီလဲ
Baekhyun? "

ကြည့်​ ကိုကိုဟာ အကုန်​ကို သိ​နေတယ်

Kyungsooရယ်​ကာ ​ခေါင်း​လေးငြိမ့်​ပြ​တော့ ကိုကိုက "သိ​နေတယ်​​လေ "တဲ့

"အပြန်​သိပ်​​နောက်​မကျ​စေနဲ့​နော်​​ဘေဘီ
ကိုကိုက ဒီ​နေ့အ​ရေးကြီးတဲ့အလုပ်​​တွေရှိလို့ ​ဘေဘီ့ကို ဖုန်းဆက်​နိုင်​မှာမဟုတ်​ဘူး
သိပ်​မကဲနဲ့​နော်​​ဘေဘီ "

"Yes sir!"

Kyungsooအ​လေးပြုသလို​လေးပါလုပ်​ပြပြီး​တော့ ကိုကို​ရော Kyungsoo​ရော
ပြိုင်​တူရယ်​မိကြတယ်

Kyungsooတို့ အိမ်​​​လေးမှာ ကိုကိုရယ်
Kyungsooရယ်​ နှစ်​​ယောက်​တည်း​နေတယ်​ ဒါ​ပေမယ့်​ Kyungsooတို့ ​ခြောက်​​သွေ့ခြင်းဆိုတာ မခံစားရဘူး
Kyungsooတို့ အိမ်​​လေး အမြဲ အချစ်​​တွေနဲ့ စိမ်းစို​နေတယ်​...

👬👬👬👬👬👬👬👬👬👬👬👬

"Hey, Baekhyun?"

"ဟာ Jira မ​တွေ့ရတာကြာပြီ"

Kyungsooတို့ သုံး​ယောက်​ ​ကော်​ဖီဆိုင်​​လေးတစ်​ဆိုင်​မှာ ထိုင်​ကာ စကားလက်​ဆုံကျ​နေတုန်း Baekhyunကို လာနှုတ်​ဆက်​တဲ့ ​ကောင်​မ​လေးတစ်​​ယောက်

Baekhyun​ခေါ်တာ​ကြောင့်​ Jiraက
Kyungsooတို့ ဝိုင်းကို ဝင်​ထိုင်​တယ်

"ဒါ ငါ့ရဲ့ အိမ်​နီးချင်း​လေ သူတို့က ​ပြောင်းသွားတာ အခုမှပြန်​​တွေ့ရတယ်​ သူက
Han Jiraတဲ့ "

PreciousWhere stories live. Discover now