" မဆင်းရဘူး "

" ငါ နေကောင်းနေပါပြီဆိုကွာ "

" မှန်ကြည့်ပြီးမှပြောစမ်းပါ "

" ကျွတ်စ်.. စိတ်ကုန်လာဘီ မင်းကို "

ကုန်ပါစေ...
အိမ်ပြန်ရောက်ရင် တံခါး passcode ပြောင်းပြီး သူ့ကိုယ်သူ ပိတ်လှောင်ထားတတ်တဲ့ ဝမ်ရိပေါ်ကို မြင်ခဲ့ရတာ တခါနဲ့တင်လုံလောက်နေပြီမလား..
ဒါ့ကြောင့် ဒီတခါ သူ့မျက်စိအောက်မှာပဲ ထားမယ့်အတွေးနဲ့ ဒီကောင့်ကို ဘယ်နည်းနဲ့မှ အလိုမလိုက်နိုင်တော့..

" ရိပေါ်.. "

" အင်း "

" မင်း တကယ် ရှောင်ကျန့်ဆီမသွားဘူးလား "

" ... "

" မင်းဘာတွေးနေလဲ မသိပေမယ့် သွားတော့တောင်းပန်သင့်တယ်နော် "

" အင်း.... ငါအိပ်တော့မယ် "

အိပ်ဖို့ကြိုးစားလဲ အချည်းနှီး..
သူ့စိတ် သူ့အာရုံတွေထဲကို ရှောင်ကျန့် ရှောင်ကျန့် နဲ့ alarm လိုမျိုး ရိုက်ခတ်နေခဲ့တာ..

ကျန်းလီကျဲပြောသွားတဲ့ ရှောင်ကျန့်ရဲ့အကြောင်းက နားထောင်ပြီး မေ့ပစ်လိုက်ဖို့ ခဲယဉ်းနေတာထက် သူမမေ့ချင်တာ..
ရှောင်ကျန့်အပေါ် ကျူးလွန်ခဲ့သမျှကို သူအပြစ်ခံရသင့်တယ်မလား...
သူ့ရဲ့အခုစိတ်က နားလည်ဖို့ခက်လိမ့်မယ်
ဝေခွဲမရတာထက်ဆိုးတဲ့ မဆုံးနိုင်တဲ့ puzzle တွေ ဆက်နေရသလိုမျိုးပဲ ...

' ရှောင်ကျန့်နဲ့ပတ်သတ်ပြီး အခုချိန်ထိ ရိပေါ်မှာ ရွေးချယ်ခွင့်ရှိသေးတယ်..ဒါကြောင်မို့အခု
ကျဲပြောတာတွေနားထောင်ပြီး ရိပေါ် ဘာဆက်လုပ်မလဲ သေချာဆုံးဖြတ်ပါ ' တဲ့..

ကျန်းလီ ကသူထင်သလို ရှောင်ကျန့်ရဲ့ သက်ဆိုင်သူ မဟုတ်ခဲ့..
ဒါပေမယ့် အဲဒီထက်ပိုတဲ့ မေတ္တာတရားထုက သူမဆီမှာ အတိအကျကို ရှိနေရဲ့...

ရှောင်ကျန့် မနာကျင်စေချင်တော့လို့ ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုထဲနဲ့ သူမတို့ရဲ့ အတိတ်ကို ဖွင့်လှပ်ပြခဲ့တဲ့ ကျန်းလီက အဲဒီနေ့က ရိပေါ်ရဲ့ သူမအပေါ်ထားခဲ့ဖူးတဲ့ အမြင်တွေကိုတောင် ပြန် နွေးထွေးစေခဲ့တဲ့ မိန်းကလေးမျိုး...။

Before I Let You GoWhere stories live. Discover now