.

.

ဒီနေ့ အချိန်အခါမဟုတ် မိုးရွာတယ်
Outdoor မှာပြင်ဆင်ထားတဲ့ ရိပေါ်တို့ ရိုက်ကွင်းလေးက လေတွေ မိုးရေတွေကြားမှာ စိုစိုရွဲလို့ နောက်ဆုံးဖျက်လိုက်ရတဲ့အထိ..

တကိုယ်လုံးစိုရွှဲနေတာတောင် ရိပေါ်တယောက်ကတော့ ထူးထူးဆန်းဆန်း ပြုံးပျော်နေတယ်...

ဒီရက်ပိုင်းအတွင်း ရိပေါ်တယောက်သေချာမအိပ်ရဘဲ ကားပေါ်မှာပဲ ရတဲ့အချိန်လေးအိပ်နေရတာ သုံးလေးရက်လောက် ရှိပြီ..
ဖြူစုတ်စုတ်ဖြစ်နေတဲ့ ရိပေါ်ကို ကျိရန်က စိတ်မချနိုင်စွာ နဖူးစမ်းကြည့်တော့ ခပ်နွေးနွေးရယ်.

" ရိပေါ် မင်း ဆေးသောက်ထားမလား "

" ဟင့်အင်း..ကျန့်ကောဆီသွားမလို့ "

အမေးတခြား အဖြေတခြားဖြစ်နေပေမယ့် ဘာလို့ ပြုံးနေလဲဆိုတဲ့ အဖြေကတော့ ထွက်လာလေရဲ့..

" နောက်နေ့မှသွားလေ.. ဒီမိုးကတော်တော်နဲ့ရပ်မှာမဟုတ်ဘူး "

" မရတော့ဘူး...ကျွန်တော်လွမ်းနေပြီ "

ထပ်ဆွဲမထားခင် သူ ပြေးထွက်လာတော့ ခေါက်ကမိုက်ခနဲ တစ်ချက်ဖြစ်တယ်..
ဆေးမြန်မြန်သောက်မှဖြစ်မယ်..
ကျန့်ကောဆိုတဲ့ ဆေးခါးလေးကို ..

.

.

.

" ရိပေါ် တခုခုသောက်ပါလား "

" နေပါစေ..ရတယ်.. "

ဒီအခြေအနေကြီးက ဘာကြီးလဲ ??
သူ ဘယ်လိုမှ သက်တောင့်သက်သာမရှိ..

အခု သူ့ရှေ့က ဆိုဖာမှာထိုင်နေတာက ကျန်းချန်..

ဟိုတခါကိစ္စပြီးသွားထဲက မတွေ့ဖြစ်တော့တာ အခု ရှောင်ကျန့်အိမ်မှာမှ ဘာလို့လာဆုံရတာလဲ..
ပြီးတော့ ကျန်းချန်ကအိမ်ရှင်လိုမျိုး သူ့ကိုဆက်ဆံနေတာကရော..

" ကျန့်ကောရော.. "

" ကော အိပ်နေတယ်.. နေသိပ်မကောင်းလို့ "

အော် ဆိုတဲ့အသံနဲ့အတူ ရိပေါ်မျက်ဝန်းတွေက ကျန်းချန်ကိုယ်ပေါ်က အညိုရောင်ရှပ်တထည်ဆီမှာ စူးစူးစိုက်စိုက်...
သတိထားမိတဲ့ ကျန်းချန်ကတော့ မသိမသာဖြေရှင်းချက်ပေးလာတယ်..

Before I Let You GoWhere stories live. Discover now