❤ ကိုကိုရဲ့ကလေးငယ် ၁၆ ❤

Start from the beginning
                                    

"ဒါ ဘာ ဖြစ် နေ ကြ တာ လဲ..!"

ခပ်သြသြနဲ့ဟိန်းထွက်လာတဲ့စကားသံကြောင့် သုသု ကိုယ်လေးတုန်တတ်သွားသည်။နှုတ်ကတိုးတိုးလေးရေရွတ်မိတဲ့နမ်စားလေးက...။

"ကိုကို.."

ဇိုင်း အသံကြားတော့ ထိုလူအပါ၀င် သုသု တို့အားလုံးအလန့်တကြားမော့ကြည့်သည်။

သုသုလှမ်းကြည့်လိုက်တော့
စူးရဲနေတဲ့မျက်လုံးတွေနဲ့ကြည့်နေတဲ့ကိုကို။ကိုကို့ပုံစံကတော်တော်ဒေါသထွက်နေပုံပင်။ ဇိုင်း သုသုနားလျှောက်သွားပြပီး စားပွဲမှာထိုင်နေတဲ့ သုသုကိုလက်ကောက်၀တ်ကနေဆွဲခေါ်ပြီး ဇိုင်းအနောက်ကိုပို့လိုက်သည်။

"အ့.."

စိတ်တိုနေတဲ့အရှိန်နဲ့အကြမ်းပတမ်းကိုင်တွယ်လိုက်တာကြောင့် သုသုလက်ကောက်၀တ် တော်တော်နာသွားသည်။ ဒါပေမယ့်လဲဒေါသထွက်နေတဲ့ ကိုကို့ကြောင့် သုသု အသံပင်မထွက်ရဲလောက်အောင် ကြောက်နေသည်။

ရုတ်တရပ်ဖြစ်သွားတဲ့အခြေနေကြောင့် မြတ်မင်း တခဏနားမလည်နိုင်ဖြစ်သွားတဲ့အချိန်မှာ သုသုက ဟိုလူ့လက်ထဲပါသွားသည်။

*ဇိုင်း..ဒီကောင် သုသုလေးနဲ့ဘယ်လိုပက်သတ်တာလဲ ဘာလိုအခုလိုပိုင်ဆိုးပိုင်နင်းပြုမူလိုက်တာလဲ*

မြတ်မင်းကိုယ်တိုင်က သည်းခံတတ်တဲ့ လူစားမျိုးထဲ မပါတာကြောင့်  ရင်ထဲမှာ ဇိုင်း ကို ဒီနေရာမှာတင် ဆွဲထိုူပြစ်ချင်နေပေမယ့် လက်ရှိ ဇိုင်း လက်ထဲမှာ ကောင်လေးပါနေတာကြောင့်
မြတ်မင်းနဲ့ဇိုင်း အတော်ကြာသည်အထိ အကြည့်ချင်းစစ်ခင်းနေကြသည်။

ထိုစဉ်....တိတ်စိတ်မှု့ကိုအရင်ဖြိုခွင်းလိုက်သူက...။

"ဇိုင်း... မင်း ညီ့ လက်ကို အရင်လွတ်လိုက်ရင်ကောင်းမယ် သူတော်တော်နာနေလောက်ပြီ"

မြတ်မင် းပြောလိုက်တဲ့စကားကြောင့် ဇိုင်း ပို၍ပင်တိုးလို့ဆုပ်ကိုင်ထားလိုက်သည်။

*ကလေးနဲ့ပက်သတ်လာရင် အရာအားလုံးကိုယ်ပဲအမိန့်ပေးမယ်။ ကိုယ်ပဲ ကလေးရဲ့ဖြစ်တည်မှု့ဖြစ်ချင်တယ် အခုလိုတခြားတစ်ယောက်စိုးရိမ်ပေးတာမြင်ရတာ ကိုယ့်ရင်ကိုဓားနဲ့ခွဲနေသလိုပဲ ကလေးရယ်*

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now