Chapter.14

6.7K 683 24
                                    

(Zawgyi)

xiao zhanတစ်ယောက် ကုတင်ပေါ်မှာ ပုံနေတဲ့အဝတ်ပုံကြီးကို ကြည့်ပြီး အလိုမကျစွာနဲ့ ဆံပင်တွေကို ဖွနေမိတယ်... ထိုအကျီင်္တွေက yiboက သူ့အတွက် ဝယ်ပေးထားတာတွေလေ... မနက်က yiboရဲ့အမူအရာကို ကြည့်တာနဲ့ ညနေကျရင် သူ့အတွက် surpriseတစ်ခုခု ပြင်ဆင်ထားမယ်ဆိုတာ သိသာနေတာမို့ yiboရှေ့မှာ ကြည့်ကောင်းနေချင်တယ်လေ...
အဲဒါကြောင့် yiboဝယ်ပေးထားသမျှ အဝတ်ပုံကို ဖွနေရခြင်း ဖြစ်တယ်...

(ပဲများချင်နေတဲ့ ယုန်ပေါက်လေးကျန့်ကျန့်)

'yibo ဝယ်ပေးတုန်းက ဘာဖြစ်ဖြစ် အကုန်ယူထားလိုက်သင့်တာ... ဟူး!'

မင်းနဲ့လိုက်မယ် ထင်လို့က တစ်ဖုံ...
အပြင်ထွက်ရင် ဒီလိုမျိုးလေး ဝတ်သင့်တယ်ဆိုပြီးက
တစ်မျိုးနဲ့ နှစ်ရက်တစ်ခါလောက် သူ့အတွက် အဝတ်အစားတွေ ဝယ်ဝယ်လာတဲ့yiboကို မဝယ်နဲ့တော့ ရှိတာနဲ့ လုံလောက်နေပြီလို့ တားခဲ့မိတာကို
အခုမှ xiao zhanလေး နောင်တရချင်သွားပြီ။

// // // // //

// // // // //

'အစ်ကိုဟန်! ပူဖောင်းတွေက အဲနားမှာများနေပြီ! ဒီနားမှာလည်း ထားပေးအုန်း!'

'ဖဲကြိုးတွေကို အစ်ကိုလီ ဟိုအပေါ်နားမှာ ချိတ်ပေး'

အသင်းထဲက အစ်ကိုတွေကို ခိုင်းစားနေတဲ့ yibo... Can I be your boyfriend? ဆိုတဲ့ စာလုံးပုံစံ ပူဖောင်းတွေကို ချိတ်နေတဲ့အစ်ကိုဖန်နားကို ရောက်လာကာ...

'အစ်ကိုဖန် စာလုံးတွေက စောင်းနေတယ်လေဗျာ'

သူကျ ဘာမှဝင်မလုပ်ဘဲ အပြောလေးနဲ့ လိုက်လုပ်ခိုင်းနေတဲ့yiboကို ကြည့်ပြီး အမြင်ကတ်လာကာ...

'စောင်းနေလား! တည့်နေလားဆိုတာ ငါမှ မမြင်ရတာ! မင်း လာချိတ်လှည့်! ငါ တည့် မတည့်ကြည့်ပေးမယ်'

ဟုတ်တယ်... proposeလုပ်မှာက သူလား ငါတို့လား မသဲကွဲတော့ဘူး...

'ဟီး!အစ်ကိုဖန်ကလည်း ကျွန်တော် ဝင်ချိတ်ရင် ချွေးတွေ ထွက်ပြီး ရှိုးပဲ့ကုန်မှာပေါ့ဗျာ...'

'မင်းပြော... အခုရော စောင်းနေတုန်းလား'

'boyfriendက bလေးကိုအပေါ် နည်းနည်းလေး တင်ပေး'

Bo'Bunny Baby [fanfiction/Completed] Nơi câu chuyện tồn tại. Hãy khám phá bây giờ