(Zawgyi)
ဆိုင်ကယ်ဦးထုပ် ဆောင်းပေးမလို့ လုပ်တော့မှ
ထိုသူရဲ့ ခေါင်းမှာ ရှိနေတဲ့ ထူးဆန်းတဲ့အရာလေးကို
သတိထားမိသွား၏။နားရွက်??? ယုန်နားရွက်??? ကလေးကလားနဲ့ ခေါင်းမှာ ဘာတွေ တပ်ထားပါလိမ့် ...
ဦးထုပ်ကြိုးကို သေချာတပ်ပေးပြီးနောက်...
'ပြုတ်ကျမယ်... သေချာကိုင်ထား!'
သူရဲ့ခါးကို ဖက်ထားရန် တင်ပေးလိုက်တော့ အကျီစကို မလွတ်တမ်း တင်းနေအောင် ဆုပ်ကိုင်ထားတဲ့ လက်ကလေးတွေကြောင့် yibo ရယ်ချင်သွား၏။
သူကသာ စကားတွေ ဟြေနေပေမဲ့ ထိုလူကတော့ ဘာမှ ပြန်မဟြေဘူးဆိုတာ yibo သတိထားမိတယ် ပြီးတော့
သူဟြေသမျှတော့ အကုန်လိုက်လုပ်သေးတယ်......
...
'သူ ခြေကျင်းဝတ် လည်ပြီး ချော်လဲသွားတာ'
သူရဲ့လက်မောင်းကို ဖက်တွယ်ထားတဲ့ ထိုလူရဲ့လက်တွေကို ဖြုတ်ချပြီး ကုတင်ပေါ် ထိုင်ရန် လုပ်ပေးရင်း
ဆရာဝန်ကို yibo ဟြေလိုက်သည်။Ah!
ဆရာဝန်က ခြေကျင်းဝတ်ကို ဖိကိုင်လိုက်တော့ ထွက်လာတဲ့ အသံသေးသေးလေး... ပြီးတော့ ထိုသူက
ဆရာဝန်ကို ရန်လိုတဲ့မျက်ဝန်းတွေနဲ့ ကြည့်နေသေးတယ်...သူကို နာအောင် လုပ်တယ်ပေါ့လေ...
ထိုသူရဲ့အပြုအမူလေးကို yiboမြင်ကာ ရယ်ချင်သွားပြန်သည်။
ဒီလူက ဘာလေးလဲဟ... ယုန်နားရွက်နဲ့ ယုန်ပေါက်...
'အဆစ်က တော်တော်ရောင်သွားတာပဲ... အခုဆေးစည်းပေးလိုက်မယ် ပြီးရင် သောက်ဆေးနဲ့လိမ်းဆေးရော
ပေးလိုက်မယ်'ဆေးစည်းပေးပြီးနောက် သူတို့ကို ပေးလိုက်မဲ့ ဆေးတွေကို ဆရာဝန်က သွားယူနေတုန်း
yibo စကားစဟြေလိုက်၏။'ဘယ်မှာနေတာလဲ'
သူရဲ့အသံကြောင့် ခြေကျင်းဝတ်က ပတ်တီးကို စူးစမ်းနေတဲ့ မျက်ဝန်းလေးတွေက သူဆီကို ရွေ့လာခဲ့သည်။
'ပြီးရင် လိုက်ပို့ပေးမလို့ မေးတာ!'
yibo ထပ်မေးလိုက်တာနဲ့ ထိုသူက သူကို ခေါင်းခါပြ၏။
YOU ARE READING
Bo'Bunny Baby [fanfiction/Completed]
Romance[Wang Yibo & Xiao Zhan] [boy×boy] [Zawgyi+Unicode] Bunny is mine. He call me my nickname is 'Bo' .