Chapter.12

8.2K 879 15
                                    

(Zawgyi)

yibo မျက်လုံးဖွင့်ဖွင့်ချင်းပဲ သူနဲ့အနီးဆုံးမှာ ရှိနေတဲ့ မျက်နှာလေးတစ်ခုကို မြင်လိုက်ရတော့ နှုတ်ခမ်းစွန်းတွေ အလိုလိုကော့တက်ကာ အပြုံးတစ်ခု ဖြစ်တည်လာ၏။

လက်ညိုးလေးက တဖြည်းဖြည်းမြောက်တက်လာပြီး မျက်စိရှေ့က xiao zhanရဲ့မျက်နှာပေါ်ရှိ အစိတ်အပိုင်းလေးတွေကို လိုက်ပြီးထိတွေ့လိုက်တော့ မျက်မှောင်ကြုတ်ကာ ခေါင်းအုံးအောက်ထဲ မျက်နှာကို ဖွက်ဖို့ကြိုးစားနေတဲ့
ယုန်ပေါက်xiao zhanကြောင့် yibo ခပ်သောသော ရယ်လိုက်မိ၏။

yiboရဲ့ရယ်သံကြောင့် စောနကအထိ မျက်လုံးမဖွင့်နိုင်သေးတဲ့xiao zhanတစ်ယောက် နိုးလာခဲ့သည်။

'အွန်း~~ bo! နိုးနေပြီလား'

'အိပ်ချင်သေးတာလား!'

အွန်း~~ xiao zhan ခေါင်းလေး ညိတ်ပြတော့ yiboက နဖူးလေးထက် အနမ်းလေးခြွေကာ...

'ဒါဆို ဆက်အိပ်လိုက်ဦး! ကိုယ် မနက်စာ လုပ်ထားလိုက်မယ်!'

yiboက သူကိုယ်သူ *ကိုယ်*ဆိုတဲ့အသုံးအနှုန်း သုံးစွဲလိုက်တာကြောင့် xiao zhanလေးသည်
နားရွက်လေးတွေ ရဲတက်သွားကာ
တစ်ကိုယ်လုံးလုံသွားအောင် စောင်ဆွဲခြုံလိုက်သည်။

......

......

'အာ~~ကိုယ်တစ်ခါမှ မချက်ဖူးတော့! သည်လို ပုံစံတွေ ဖြစ်သွားတယ်...အဟမ်း!'

စားပွဲပေါ်ရှိ နွားနို့ခွက်လေးတွေရယ်
မီးကျွမ်းနေတဲ့ ပေါင်မုန့်ကြော်လေးရယ် ကြေမွနေတဲ့ကြက်ဥကြော်လေးရယ်... မီးဖိုချောင် တစ်ခါမှ မဝင်ဖူးတဲ့yiboက သည်လို ကြိုးစားပြင်ဆင်ထားပေးတဲ့ မနက်စာလေးကြောင့် xiao zhan ကြည်နူးရပြန်သည်။

ဒါပေမဲ့ မနက်စာ စားပြီးတဲ့အခါမှာတော့ yiboကို
မီးဖိုချောင်ထဲ နောက်ထပ် မဝင်ခိုင်းဖို့ xiao zhan စိတ်ကူးရသွားသည်။

......

......

'bo! ဒီအိမ်က??'

မနက်စာ စားပြီးနောက် yiboက တစ်နေရာဆီ သွားကြမယ်ဆိုပြီး ဆိုင်ကယ်ပေါ် ဆွဲတင်ခေါ်ချလာတဲ့နေရာကို ရောက်တော့ xiao zhan အံအားသင့်သွားခဲ့သည်။

Bo'Bunny Baby [fanfiction/Completed] Where stories live. Discover now