Chapter.11

8.5K 886 12
                                    

(Zawgyi)

ထိုနေ့က ကျောင်းတွင်းလေ့လာရေးခရီးက ပြန်လာတော့ yiboရဲ့ကျောပိုးအိတ်ထဲမှာ ယုန်ငယ်လေးတစ်ကောင် ပါလာခဲ့သည်။

'မားမား!! ဒီမှာ ကြည့်!!'

အိမ်ရောက်တာနဲ့ သူ့ကျောပိုးအိတ်ထဲက ယုန်ငယ်လေးကို ထုတ်ပြကာ ကြွားလေသည်။ ကျောပိုးအိတ်ထဲမှာ
အချိန်ကြာမြင့်စွာ နေခဲ့ရသောကြောင့် ယုန်ငယ်လေးသည် ပျော့ခွေနေပြီ ဖြစ်၏။

'သစ်တောကနေ ကျွန်တော် ခေါ်လာတာ!'

......

......

နေ့စဉ်ရက်ဆက် ယုန်ငယ်လေးနဲ့သာ အချိန်ကုန်နေသော yiboလေး... ကျောင်းသွားချိန်တောင် ခေါ်သွားမလို့ လုပ်နေတာကြောင့် အိမ်ကလူတွေ မနည်းတားထားရသည်။

'Wahh!! မင်းရဲ့နှုတ်ခမ်းအောက်လေးက မှည့်လေးလား!!'

ယုန်ငယ်လေးကို မြောက်ကာ အသေးစိတ် လေ့လာနေပြန်တဲ့ yibo...

'တကယ် မှည့်လေးပဲ... Ah!! ချစ်ဖို့ကောင်းလိုက်တာ'

......

......

မိသားစုလိုက် ကမ်းခြေဆီ အပျော်ခရီးသွားတော့လည်း ယုန်ငယ်လေးကို လက်ထဲ ပွေ့ပိုက်ကာ yibo ခေါ်လာပြန်သည်။

'လှောင်အိမ်ထဲ ထည့်ပါလား သားငယ်!'

'ဟင့်အင်း... သား ပိုက်ထားမှာ!'

' တော်ကြာ လက်ထဲကနေ ခုန်ဆင်းသွားမှာဆိုလို့ မားက ဟြေတာပါ'

'သူက သားကို ထားသွားမှာ မဟုတ်ဘူး! ဟုတ်တယ်နော်!!'

ယုန်ငယ်လေးကို ကြည့်ကာ အတည်ပြုသလို ဟြေတော့ ယုန်ငယ်လေးက ခေါင်းလေး မော့ကာ အေးစက်စက် နှာသီးထိပ်လေးနဲ့ yiboမေးဖျားလေးကို လာထိ၏။

'တွေ့လား!! သူက ထားမသွားဘူးတဲ့!'

yiboနဲ့ယုန်ငယ်လေးတို့ရဲ့ ချစ်စရာအပြုအမူလေးတွေကြောင့် Mr.ဝမ်နဲ့Mrs.ဝမ်တို့လည်း သဘောကျနေကြ၏။

'ရှေ့က ဓာတ်ဆီဆိုင်မှာ ဆီဝင်ထည့်ကြမယ်!'

Mr.ဝမ်က ဟြေတော့ Mrs.ဝမ်က yiboကို လှည့်ကာ သတိပေးသည်။

'yiboရေ သား အဝေးကြီးလျှောက်မသွားနဲ့နော်'

'ဟုတ်ကဲ့...'

Bo'Bunny Baby [fanfiction/Completed] Where stories live. Discover now