❤ ကိုကိုရဲ့ကလေးငယ် ၁၀ ❤

Start from the beginning
                                    

အခုလဲကြည့် အောက်မှာ ထမင်းစားပြီးတာနဲ့ အခန်းထဲကုတင်ပေါ်မှာ ခြေရင်းကိုခေါင်းအုံးပြီး ခေါင်းရင်းကိုခြေထောင်ပစ်တင်ပြီး အိပ်ခါနီးမှာတောင် ဟာသကြည့်နေလေရဲ့။ ဇိုင်း ကတော့ ကွန်ပြူတာ တစ်လုံးနဲ့အလုပ်စားပွဲမှာထိုင်နေသည်။ထိုစဉ်ဖုန်း၀င်လာသသည်။

Ring... !!

"Hello"

"ဟေး ဥက္ကဌ ရှေ့နှစ်ရက်ဆိုလေလံပွဲရှိတာ မင်းမေ့နေတာတော့မဟုတ်ပါဘူးနော်"

"မမေ့ပါဘူး ငါတို့မနက်ဖြန်မနက်တတ်လာမှာ ညလောက်ရောက်မယ်"

"ဟုတ်ပီ ဟုတ်ပီ မင်းသတိရရင်ပြီးတာပဲ ငါကလှမ်းသတိပေးတာ"

"ဒါပဲ"

*မနက်ဖြန်ပြန်ရမှာကလေးကိုတောင်မပြောရသေးဘူး တော်ကြာပြောလိုက်လို့ သူ့အိမ်ပြန်မယ်အတင်းပြောရင် ဟူးးးး မပြောပါစေနဲ့ ချော့ရတော့မှာပေါ့ကွာ မတတ်နိုင်ဘူး..*

"ကိုကို!!!"

"ဟင် အင်း ကလေး...ဘာလဲပြောလေ"

ဇိုင်း အတွေးလွန်သွားတာမို့သူခေါ်တာမကြားလိုက်တာကို မျက်မှောင်ကျုံ့ပြီးကြည့်နေတဲ့ ကလေး။

"ကိုကို့ ကိုခေါ်နေတာကြာပြီ"

"အင်း ကိုကို့အလုပ်ကိစ္စထဲစိတ်ရောက်သွားလို့ပါ...ကလေးဘာပြောမို့လဲ ပြောလေ"

ဇိုင်း ကွန်ပြူတာကိုဘေးဖယ်ပြီး ကုတင်ပေါ်တတ်ပြီး ကလေး ဘေးနားလေးတိုးပြီးအပြုံးလေးနဲ့မေးလိုက်သည်။အဲ့တော့မှ ကလေး မျက်နှာလေးကပြန်ပြုံးပြပြီးပြောသည်။

"ဟို စောနက ကိုကို ရန်ကုန်ပြန်မယ်ဆိုတဲ့အသံကြားလိုက်လို့အဲ့တာမေးချင်လို့"

"အင်း ဟုတ်တယ် ကလေး ကိုကိုတို့မနက်ဖြန်ရန်ကုန်ပြန်တတ်မှာ "

"အဲ့တာဆို အိမ်ပြန်ရတော့မှာပေါ့ ဟေးးး ပျော်လိုက်တာ.."

ရန်ကုန်ပြန်မယ်ပြောတာကြားတာနဲ့ချက်ချင်းမျက်လုံးလေးတွေအရောက်တောက်လာပြီးပျော်နေတဲ့ကလေး။

"ဒါပေမယ့်"

ဇိုင်း ပြောလိုက်တော့ ငြိမ်ပီးနားထောင်သည်။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now