သမီး​လေးရဲ့အသံစူးစူးကထွက်ကျလာသည်​..။

ဟိုးအရင်​သူမှတ်​ဥာဏ်​မချို့ယွင်းခင်​ကလဲ သမီးစားမယ့်​​နောက်​ဆုံးအလုတ်​တို့အသီးဆိုလဲ ​နောက်​ဆုံးကျန်​တဲ့အသီးတို့ လုစားတတ်​​ပေမယ့်​ အဲ့တုန်းက Baek Hyun က သူ့သမီးကိုအသံမကျယ်​ကျယ်​​အောင်​စချင်​တဲ့စိတ်​နဲ့​ပေမယ့်​..အခုဂျစ်​တူး Baek Hyun က​တော့ သူကြိုက်​တာသူစားရဖို့အ​ရေးပဲ ​ရှေူးရှူတယ်​ထင်​ပါရဲ့..။

သမီးကမျက်​​စောင်းတစ်​ခဲခဲ လုပ်​​နေတာ​တွေ့​ပေမယ့်​ သူနဲ့မဆိုင်​သလိုလုပ်​​နေသည်​..။
သူ့အ​ဖေပြန်​​ချော့မယ်​ထင်​ပြီးနှုတ်​ခမ်းတစ်​​တောင်​​လောက်​​ထော်​ပြ​နေတဲ့သမီးငယ်​သာ ​မောသွားသည်​..။
ဒင်းက​တော့ လက်​​ချောင်း​တွေကိုtissueနဲ့စိမ်​​ပြေန​ပြေသုတ်​ရင်း ဒီအိမ်​ကလူ​တွေနဲ့သူနဲ့တစ်​​ယောက်​မှ မသိသလိုခပ်​​ချေ​ချေပုံစံမျိုးနဲ့ဆက်​ထိုင်​​နေသည်​..။

အရင်​ကဆို ကိုကိုဘာလုပ်​​ပေးရမလဲ ကူချက်​​ပေးရမလားဆိုပြီးဖြတ်​ဖြတ်​လူး​နေတဲ့လူက အခုကျ ကျွန်​​တော့်​ကို​တောင်​ရှိတယ်​လို့မထင်​ သူ့ကမ္ဘာကြီးမှာသူ့ဘာသူ​နေ​နေသည်​..။

မျက်​လုံးချင်းဆုံသွားရင်​​တောင်​ မျက်​​စောင်းထိုးပြီးနှာ​ခေါင်းရှုံ့ပြကာ အကြည့်​လွှဲသွားသည်​..။

မသိလို့​မေးပါရ​စေ အတိတ်​​မေ့သွားတဲ့လူ​တွေက ဒီလိုပဲ ဂျစ်​တိုက်​တတ်​ကြတာလား..။

"Baek Hyunee...ကိုယ့်​ကို ကြက်​သွန်​​လေး လာ​ထောင်း​ပေးပါလား...?"

"မ​ထောင်းချင်​ပါဘူး..ကျုပ်​အခုပဲ အိမ်​​ရှေ့သွားပြီး
TV ကြည့်​​တော့မလို့.."

"လာပါကွာ..ကိုကိုဒီမှာ ဟင်းအိုးတန်းလန်းနဲ့မို့.."

"မ​ထောင်းချင်​ပါဘူး..!"

"မီးမီး​ထောင်း​ပေးမယ်​..daddy.."

"​နေ​နေ..ရတယ်​..appa ​ထောင်းလိမ့်​မယ်​..
သမီးက ထမင်းစားပြီးရင်​စားဖို့ အသီး​တွေ​ဆေးထား​ပေး​နော်​.."

တစ်​​ယောက်​တည်း​ဒေါင်​ချာစိုင်း​နေလို့စစ်​ကူရမလားမှတ်​ပါတယ်​...။

Tyranny Ver.2 ( ဖိနှိပ်​ညှင်းပန်းခြင်း ) ( Zawgyi + Unicode )Where stories live. Discover now