22 ...

4.3K 574 23
                                    

Zawgyi

Baek Hyun ပြန်​​ရောက်​လာတာ Chan Yeol အတွက်​ ကမ္ဘာ့အ​ကောင်းဆုံးဝမ်းသာစရာကိစ္စကြီးဖြစ်​​ပေမယ့်​လို့...
ပြန်​သာပြန်
ရောက်​လာသည်​..။ လူက အရင်​က Baek Hyun မဟုတ်​ခဲ့​တော့ ရင်​​မောရပြန်​သည်​။

မှတ်​ဥာဏ်​ပြန်​မပါလာလို့ စိတ်​ညစ်​ရသည့်​အထဲ
ပိုဆိုးသည်​က ဟိုမိန်းမကြီးရဲ့စနက်​​ကြောင့်​ ကျွန်​​တော်​သိပ်​ချစ်​ရတဲ့လူဟာ အရင်​က​ဆေးလိပ်​ကို​တောင်​စမ်း​သောက်​ခဲ့တဲ့လူမဟုတ်​ခဲ့​ပေမယ့်​ အခုများကျ​တော့ ​ဆေးလိပ်​ထက်​ အဆ​ပေါင်းများစွာ မြင့်​မားသည့်​ ​ဆေးဝါးတစ်​ချို့ကိုမှ လိုလား​တောင့်​တပါသည်​ဆို​တော့ ကျွန်​​တော်​​ရော
SeHun ​ရော အံ့သြခဲ့ရသည်​...။

သူပြန်​လာရင်​ကိစ္စအားလုံး ငြိမ်းချမ်းပြီထင်​ခဲ့​ပေမယ့်​ မဟုတ်​ပြန်​..။

သတိ​မေ့​နေရာက​နေ မျက်​လုံး​လေး​တွေပွင့်​ပွင့်​လာချင်း ကျွန်​​တော်​​မျှော်​လင့်​ထားသလို ကိုကိုဆိုတဲ့ ပညတ်​ချက်​တစ်​ခုကို ၀မ်းသာအားရ​ခေါ်ပြီး ​ပွေ့ဖက်​တာမျိုးမလုပ်​ခဲ့ပဲ
ကြောင်​​တောင်​​တောင်​မျက်​လုံး​လေး​တွေနဲ့ ခင်​ဗျား ဘယ်​သူလဲ လို့​မေးမြန်းလာခဲ့တဲ့အခိုက်​မှာ ဖင်​ထိုင်​ရက်​လဲကျချင်​သွားတဲ့အထိကမ္ဘာကြီးချာချာလည်​သွားခဲ့ရသလို..

အရူးပြန်​သလိုမျိုး တုန်​တူန်​ယင်​ယင်​နဲ့ဂနာမငြိမ်​ဖြစ်​လာတဲ့အခိုက်​ ကျွန်​​တော်​​တောင်​မသုံးစွဲဖူးတဲ့​ဆေးဝါး​တွေကို
တောင်းဆိုလာခဲ့တဲ့အခိုက်​မှာလဲ ကျွန်​​တော့်​ကမ္ဘာကြီး လုံးဝပြိုပျက်​သွားခဲ့သည်​..။

ဆေး ​လိုအပ်​တဲ့ အချိန်​တိုင်းမှာ အသိစိတ်​လုံးဝ​ပျောက်​သွားပြီး အ​ကြောဆွဲ ​နေတဲ့သူ့ပုံစံ ကိုကြည့်​ပြီး ကျွန်​​တော့်​ရင်​ဘတ်​​တွေအစိတ်​စိတ်​ကွဲ ​ကြေသည်​..။

ဒီ​နေ့လဲ အနည်းဆုံးအကြိမ်​အ​ရေအတွက်​ သုံးခါထက်​​ကျော်​​သော အ​ခေါက်​မှာ အရင်​အကြိမ်​​တွေတုန်း​ကလိုပင်​ ကျွန်​​တော်​နဲ့သူ အိပ်​စက်​ရာ ကုတင်​ထက်​တွင်​ သူသည်
ကျွန်​​တော်​လုံးဝမမြင်​ချင်​သည့်​ပုံစံမျိုးနဲ့ ရှိ​နေပြန်​သည်​...။

Tyranny Ver.2 ( ဖိနှိပ်​ညှင်းပန်းခြင်း ) ( Zawgyi + Unicode )Where stories live. Discover now