Zawgyi
ဟင်းနံ့အနည်းငယ်လှိုင်ထွက်နေသည့် ထမင်းစားခန်းထဲတွင် Chan Yeolတစ်ယောက် ဟင်းအိုးမွှေရတာကတစ်မျိုး ကြက်သွန်တွေလှီးရတာ တစ်ဖုံ အရွက်တွေခြွေရတာကတမျိုးနဲ့ ညစာ ချက်ပြုတ်ဖို့တော်တော်လေး အလုပ်ရှုပ်နေသည်...။
လူဆိုးတစ်ယောက်ဖြစ်ခဲ့ပေမယ့်လို့ အမေ့ဆီကနေဟင်းချက်ဝါသနာပါသည့် အမွေလေးရခဲ့သည်ထင်ပါ့..။
အားတဲ့အချိန်တွေမှာ ဟင်းလျာချက်ပြုတ်ခြင်းက အလေ့အထတစ်ခုဖြစ်ခဲ့သည်...။ဒီနေ့ SeHunee က ဂျူတီစောစောဆင်းရမှာ ဖြစ်သလို public holiday လဲဖြစ်နေတာကြောင့်
မိသားစုတွေအေးအေးဆေးဆေးထမင်းလက်ဆုံစားလို့ရအောင်ဆိုပြီး ကိုယ်တိုင်ဈေးဝယ်ထွက်ကာ ကိုယ်တိုင်ချက်ပြုတ်ဖြစ်သည်...။ချက်ပြုတ်တယ်ဆိုလို့အထူးအဆန်းရယ်လဲ မဟုတ်ပါဘူး..။
စားနေကျဟင်းလေးအနည်းငယ်ပေါ့...။သို့ပေမယ့် သူနဲ့သမီးလေးကြိုက်တတ်တဲ့ဟင်းလျာတစ်ချို့ကိုတော့မပါမဖြစ် ကြိုးစားပြီးချက်ဖြစ်သည်..။
"ကြည့်ကြည့်..appaတို့ကတော့..တစ်ဇွန်းစာလေးပဲ ကျန်တာကို ကိုယ့်သမီးလေးစားဖို့ဆိုပြီးမထားဘူး အားလုံးစားပစ်တယ်.."
"အော်..မင်းရေခဲမုန့်က တော်တော်ကြီးကိုကြီးတာဆိုတော့
ချန်ထားရမှာပေါ့...?""ကြည့်ကြည့်...! appaတို့များ ပြန်လာပြီးနောက်ပိုင်း
ကိုယ့်သမီးလေးကိုတောင်အရှုံးမပေးချင်တော့ဘူး...!!!""ကဲ..ဒီသားအဖတွေနဲ့ကတော့ခက်ပြီ...
SeHun samchoon ကိုလှမ်းမှာလိုက်လေ..
ရေခဲမုန့်တစ်ဘူးနှစ်ဘူးလောက်ဝယ်လာခဲ့ပါလို့..""daddyပဲကောင်းတယ်..appaမကောင်းဘူး..
မချစ်တော့ဘူး..ဟွန်း..!!"အရင်အချိန်းတွေတုန်းကလိုပင် ကျွန်တော်ဟင်းချက်နေသည့်အချိန်ဆို ခုံမှာထိုင်ပြီး တစ်ခုခု အမြဲထိုင်စားနေကျ ထိုသားအဖသည် အခုလဲ ရေခုမုန့်တစ်ဘူးကိုတစ်ယောက်တစ်ဇွန်းနှိုက်စားကြပြီး သမီးလေး ရေဘူးထယူတဲ့အချိန်မှာ နောက်ဆုံးတစ်ဇွန်းကိုBaek Hyunee ယူစားလိုက်သည်ထင်ပါ့..။
YOU ARE READING
Tyranny Ver.2 ( ဖိနှိပ်ညှင်းပန်းခြင်း ) ( Zawgyi + Unicode )
Fanfictionခင်ဗျားက ရက်စက်တတ်တယ်.. ဒါပေမယ့်... ခင်ဗျားရဲ့အချစ်တွေကို ခံစားလို့ရတာကြောင့်.. ခင်ဗျားကို အရမ်းချစ်တယ် ဒါပါပဲ... CV by asuna park ❤