သျှားအိမ်က သူအစာမကြေသည့်အချက်ကို ပြောလိုက်လျှင် သျှန်နောင်မှ မှောက်နေရာမှ ခေါင်းထောင်လာကာ...
"မောင် ဘာကို ဆိုလိုတာလဲ။"
"မောင် သတိထားမိတာ သုံးရက်လောက်ရှိပြီ။ အစာကြေဆေးလည်းမပေးဘူး။ မောင်က နမ်းရင်လည်း လက်မခံဘူး။ လူကို မသိမသာ ရှောင်သွားတယ်။"
"မောင် စိတ်ထင်လို့ နေမှာပါ။"
သျှန်နောင်က မလုံမလဲဖြင့် ပြောကာ အိပ်ရာပေါ် ပြန်မှောက်နေပြန်သည်။ သျှားအိမ်မှာ မူသိပ်မမှန်သော ချစ်သူကြောင့် စိတ်ထဲတွင် ခုလုခုလုဖြစ်သွားသည်တော့ အမှန်ပင်။
"Baby... Baby ကို မောင် အရမ်းချစ်တာ သိတယ်နော်။"
သျှန်နောင်မှာ သျှားအိမ်၏ လေးနက်လှသည့်အသံနေအသံထားကြောင့် ဇတ်ခနဲခေါင်းထောင်လိုက်သည်။ ထို့နောက် သူ့နဘေးတွင် တင်ပါးလွဲထိုင်ကာ သူ့ကို စူးစူးစိုက်စိုက် ကြည့်နေသော ချစ်သူကို ပြန်ကြည့်လိုက်မိသည်။
"မောင် ဘာကို ပြောချင်တာလဲ။"
"Baby ကို မောင် ချစ်တယ်။ အရမ်းချစ်တယ်။ ချစ်လွန်းလို့လည်း Baby တစ်ယောက်တည်းရဲ့ မျက်နှာပဲကြည့်ခဲ့တာ။ ရှေ့လျှောက်လည်း Baby ရဲ့ မျက်နှာတခုတည်းပဲ ကြည့်သွားချင်တယ်။ Baby ရဲ့ လက်ကိုပဲ သေတဲ့အထိ တွဲသွားချင်တယ်။ ဒီမျှော်လင့်ချက်ကို ဘယ်သူ့ကိုမှ ခွဲဝေမပေးနိုင်ဘူး Baby"
"မောင် ပြောတာ ကို နားမလည်ဘူး။"
ဟုတ်ပါသည်။ မျက်နှာကြီးတည်ကာ တကယ်ကြီးကို ခံစားချက်အပြည့်ဖြင့် ပြောနေသော ချစ်ရသူကို သျှန်နောင် နားမလည်နိုင်ပါ။ စကားအသွားအလာအရဆို တခုခုတော့ အလွဲကြီးလွဲနေပြီမှန်း သိလိုက်ပါသည်။
"မောင်က Baby နဲ့ ပတ်သက်ရင် အတ္တကြီးတယ် Baby။ မောင်က Baby တစ်ယောက်တည်းကိုပဲ ချစ်သလို Baby ကလည်း မောင် တစ်ယောက်တည်းကိုပဲ ချစ်နေစေချင်တယ်။"
သျှန်နောင် သိလိုက်ပါပြီ။ ချစ်သူ သူ့ကို သွယ်ဝိုက်သောနည်းဖြင့် စွပ်စွဲနေပြီဆိုတာကို။ သူလှဲနေရာမှ ကပျာကယာထကာ သျှားအိမ်၏ ပုခုံးနှစ်ဖက်ကို ဆွဲကိုင်လိုက်ပြီး ထိုလွန်းပုံမျက်လုံးများကို စိုက်ကြည့်လိုက်သည်။ သံသယတချို့နှင့် နာကျင်မှုတချို့တို့ ရောထွေးယှက်တင်နေသော ထိုအကြည့်တို့သည် သူ၏ နှလုံးအိမ်ကို ဆွဲဆုတ်ပစ်လိုက်သလိုပင်။