Warning ⚠️ sexual contents
>>>>>Unicode<<<<<
သျှန်နောင်မှာ သူစီးနင်းလာသော အနီရောင် Mark X ကားလေး Hotel မုခ်ဦးဝသို့ ဆိုက်သည်နှင့် ဘယ်ဘက်လက်ဝယ် အမြဲလို ဝတ်ဆင်ထားသော နာရီကိုကြည့်မိသည်။ ည ၇ နာရီ မတ်တင်းရှိပြီဖြစ်သည်။ ချိန်းဆိုထားသော အချိန်ထက် ၁၅ မိနစ်မျှစောသေးသည်။ သို့သော် ပြဿနာမရှိ။
"ကိုချူးဝေ အနောက်ဘက်က ရပ်နားကွင်းမှာပဲ ရပ်ပြီးစောင့်နေလိုက်တော့။"
သူ့ကားလေးအား မောင်းနှင်ပေးသော ချူးဝေအား ဟိုတယ်၏ parking garage တွင် ရပ်ထားရန် ညွှန်ကြားပြီးသည်နှင့် ကားပေါ်မှဆင်းလိုက်သည်။ စာအိတ်ရှည် တစ်အိတ်ကို လက်မှကိုင်ကာ ခြေလှမ်းမှန်မှန်ဖြင့် ဟိုတယ် foyer ဆီသို့လျှောက်လာခဲ့သည်။ ထို့နောက် သူ့၏ ရုပ်အဆင်း၌ ငြိတွယ်နေသော မျက်ဝန်းပေါင်းစုံကို လျစ်လျူရှုကာ reception ရှေ့တွင် အေးဆေးစွာရပ်ရင်း မိမိရှေ့မှ ဧည့်သည်များ Check-in၊ Check-out လုပ်နေသည်ကို စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေလိုက်ပါသည်။
"How may I help you, Sir."
သူအား အပြုံးတစ်ပွင့်နှင့် ကြိုဆိုလာသော ဧည့်ကြို အမျိုးသမီးငယ်လေးအား နှစ်လိုဖွယ်ရာကောင်းအောင် ပြန်ပြုံးပြကာ....
"ညီမ... အခန်းနံပတ် xxxx ကို ဖုန်းတစ်ချက်လောက် ခေါ်ပေးနိုင်မလား။ အစ်ကို အဲဒီအခန်းမှာ တည်းနေတဲ့ လူကြီမင်းရဲ့ ဧည့်သည်ပါ။"
"ဟုတ်ကဲ့ရှင့်။"
ဧည့်ကြိုအမျိုးသမီးလေးက သွက်လက်စွာဖုန်းခေါ်ဆိုလိုက်သည်။
"လူကြီးမင်းရဲ့ ဧည့်သည်ရောက်နေပါတယ်ရှင့်။"
"......."
"အမျိုးသားတစ်ယောက်ပါ။"
"......."
"အစ်ကိုက ဘယ်သူလဲတဲ့" သူမက သူ့အားမေးလာသည်။
"သျှန်နောင်လို့။ ဦးဇေဟိန်းလွှတ်လိုက်တာလို့။"
သူမက ဖုန်းခွက်မှတဆင့် ကြက်တူရွေးမလေးကဲ့သို့ သူ့စကားကို တဖက်လူဆီသို့ စကားအန်လိုက်သည်။ အတန်ကြာသောအခါမှ....
YOU ARE READING
General Fiction》ဇော်ဂျီ 《 နှလုံးသားတစ်စုံမှ ဖန်တီးပါသော အချစ်တစ်ခုအကြောင်း 》Unicode 《 နှလုံးသားတစ်စုံမှ ဖန်တီးပါသော အချစ်တစ်ခုအကြောင်း ○●○●○●○●○●○●○● ●《♤》Seke x Seke 《♤》○ ○●○●○●○●○●○●○●