"မောင်ကွာ... မလုပ်နဲ့"
ချစ်ရသူက သူ့အနမ်းကို မခံသည့်အပြင် တွန်း၍ပင် ထုတ်လိုက်သေးသည်။ ဒါမျိုးရမလား။ ထိုပါးပြင်ကို ထပ်နမ်းတာပေါ့။
သျှန်နောင်က သူ၏ မျက်နှာကို လက်ဖြင့်ကာကာ မျက်လုံးလေးတစ်ဖက် ဖွင့်ကြည့်လိုက်သည်။ ထို့နောက် သျှားအိမ်အား မနှစ်မြို့သလို ကြည့်လိုက်ပြီး အိပ်ချင်စုံမွှားအသံဖြင့်....
"မောင်... မလုပ်နဲ့လေကွာ။"
"ဘာလို့ မလုပ်ရမှာလဲ။ ကိုယ့်ယောက်ျားကိုယ်နမ်းတာ ဘာဖြစ်လဲကွာ။ နမ်းတယ်။ နမ်းတယ်။ ကဲ... ကဲ...."
သျှားအိမ်က အထိမခံရွှေပန်းကန်လုပ်နေသူကြီး၏ လက်များကို ဆွဲဖယ်ကာ ထိုမျက်နှာလှလှလေးကို အနမ်းတို့ဖြင့် အနိုင်ကျင့်လိုက်ပါသည်။
"မောင်... အာ... မလုပ်နဲ့လို့ဆို... အာ... တော်ပြီ။"
သျှန်နောင်ခမျာမှာ ထိုအနမ်းများမှ လွတ်လိုလွတ်ငြားဖြင့် သျှားအိမ်၏ရင်ခွင်ထဲ အတင်းတိုးဝင်နေမိတော့သည်။ ရန်သူနှင့်အနီးဆုံးသည် အလုံခြုံဆုံးဖြစ်သော်ငြား ဤသူက သူ၏ ချစ်သူဖြစ်ရာ.... ထိုစကားသည် ဤနေရာတွင် အကျုံးမဝင်ပေ။
"ထ... အဲ့ဒါဆို... ထ"
သျှားအိမ်က ကုတင်ပေါ်တွင် မှောက်ကာ အနမ်းများရန်မှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေရှာသော သျှန်နောင်၏ ပုခုံးသားမှ အမာရွတ်လေးတစ်ခုကို ခပ်ဖွဖွနမ်းရှိုက်လိုက်ပါသည်။ သို့သော် သျှန်နောင်မှာ တွန့်ခနဲဖြစ်သွားပြီး မှောက်နေရာမှ သျှားအိမ်ကို တွန်းထုတ်ကာ...
"မောင်အရင်သွား..."
"Baby ကလည်း မနက်ခင်း အတူတူ သွားတိုက်ကြမယ်လေကွာ။ တို့တတွေ ဒီလို မတိုက်တာ တစ်ပတ်တောင်ကျော်ပြီ။ မောင် တစ်ယောက်တည်း ပျင်းလို့။"
သျှားအိမ်မှာ ရလိုရငြားဖြင့် ချွဲလိုက်ပါသော်လည်း ချစ်သူထံမှ ပြန်လည်ရရှိလိုက်သည်က...
"ဟင့်အင်း"
ပြတ်သားလှသော ငြင်းဆိုသံ။
"Baby ကလည်းကွာ... မောင်ကြည့်ကြည့်နေတယ်။ မောင့်ကို အဖက်မလုပ်တာ ကြာပြီနော်။"