အပိုင်း(၃၆)
Começar do início
လှေကားခြေရင်း၌ ရှိနေသော နံရံကပ်နာရီကို ကြည့်မိတော့ ညနှစ်နာရီဖြစ်နေပြီ...။နောက်တစ်ရက်သို့ ကူးပြောင်းနေပြီ ဖြစ်သောကြောင့် မနက်နှစ်နာရီဟုပင် ဆိုရမလား...။ ဒီအချိန်ဆို ဘယ်သူလာနှိုးနှိုး မထတမ်းအိပ်နေမည့် နေဝေသော့်ထံတွင် အိပ်ချင်စိတ်တစ်စက်လေးမှ ရှိမနေသည်က ထူးဆန်းသည့်အရာတော့ မဟုတ်ပေ။
အဘယ့်ကြောင့်ဆိုသော်  နန္ဒသွေးနှင့် ပူးပူးကပ်ကပ်နေချင်မိသည့် စိတ်တွေက နှစ်ယောက်တည်းရှိနေချိန်တွင် တားဆီးမရအောင် ပေါ်ထွက်လာသောကြောင့်ပင်။ ထို့ကြောင့် အခန်းထဲသို့ လှည့်ပတ်ကြည့်ရှုနေသော နန္ဒသွေးတစ်ယောက် သတိမထားမိခင် နောက်ကျောမှသိုင်းဖက်ကာ ပခုံးထက်တွင် ခေါင်းမှီထားလိုက်သည်။
နန္ဒသွေးသည် ရုတ်တရက်လေးလံလာသော နောက်ကျောဘက်ပိုင်းကြောင့် ထခုန်မိမတတ် ဖြစ်သွားသော်လည်း နေဝေသော်မှန်း သိသွားသည်နှင့် ငြိမ်နေမိတော့သည်။
"မင်းငါ့ကို အခွင့်အရေးယူချင်လို့ အိမ်မှာလာနေဖို့ မရမကပြောနေတာလား...."
"အေး....အဲ့တာကြောင့်မဟုတ်ပါဘူးလို့်ငြင်းရင်
လိမ်ရာကျသွားမှာပေါ့...."
ထို့နောက် နေဝေသော်သည် သူ့စကားသူပြန်သဘောကျပြီး ရယ်နေတော့သည်။ နန္ဒသွေးသည်လည်း ပြုံးနေပါသည်။သို့သော် ဘာစကားသံမှပြန်မကြားရသည့်အပြင် နန္ဒသွေး၏ မျက်နှာအမူအရာကိုပါ မမြင်ရသော နေဝေသော်ခမျာ သူပြောလိုက်သည့်စကားအတွက် နန္ဒသွေးစိတ်ဆိုးသွားပြီလားဟု ထင်လိုက်သည်နှင့်....။ စကားသံတိုးတိုးနှင့်အတူ နန္ဒသွေးကိုတင်းတင်းကြပ်ကြပ် ဖက်ထားသည်ကိုလည်း တဖြည်းဖြည်း ဖြေလျော့ပေးလိုက်သည်။
"မင်းမကြိုက်ဘူးဆိုရင် ငါဘာမှမလုပ်ပါဘူး...."
"ငါက မကြိုက်ဘူးလို့ ပြောနေလို့လား..."
နေဝေသော်သည် မထင်မှတ်ထားသောစကားကို ကြားလိုက်ရသဖြင့် နန္ဒသွေးအနားသို့ပြန်ကပ်လာပြီး နောက်ကျောအား သိုင်းဖက်ထားရင်းနှင့်ပင် ပါးကိုနမ်းလိုက်သည်။
"ဒီလိုလုပ်ရင်ရော ကြိုက်သေးလား...."
နန္ဒသွေးသည် နေဝေသော်ထံမှ ရုန်းထွက်ရင်း ပြန်ဖြေသည်။