Part 8 ( Unicode )

7.9K 674 53
                                    

မျက်ခွံတို့ဖောင်းအစ်ကာနေလေသည်
တစ်ကိုယ်လုံးလဲ ထုထောင်းခံထားရသလို နာကျင်နေတာကြောင့် အိပ်ရာမှ နိုးနေသော်လည်း Taehyung မထနိုင်ခဲ့ပါ
နှုတ်ခမ်းလေးအား လက်ချောင်းလေးများဖြင့် အသာလေး ပွတ်ထိဆွဲကာ ဆော့ကစားနေရင်း
အတွေးတွေက မနေ့ညကအကြောင်းရာများဆီ......

မုန်းတယ်~

ပထမဦးဆုံး ဦးဦးဖျားဖျား အနမ်းလေးမို့ မုန်းသည်
ကိုယ့်ကို မချစ် မနှစ်သက်သူက အတင်းလုယူသွားခဲ့၍ ပိုမုန်းရသည်

" ဒါမဲ့ သူ့နှုတ်ခမ်းလေးတွေက အိနေရော "

Taehyung အသိစိတ်ပြန်ဝင်စေရန် ကိုယ့်ပါးကိုယ်ပြန်ရိုက်မိသည်
Jungkook က သူ့အပေါ် အနမ်းတို့ခြွေခဲ့ပေမယ့် သူတုံ့ပြန်မိသည့်ဖြစ်ရပ်ကိုတွေးမိတိုင်းလဲ ဝမ်းနည်းသလို စိတ်မကောင်းလိုဖြစ်နေရသည်

ငါလွန်သွားလား~
မှားသွားပြီးလား~
အိုရ်..... သူက ငါ့ကိုချစ်တာမှ မဟုတ်ဘဲလေ.....
ဒါဆို ဘာလို့ လာနမ်းတာလဲ
သူ့အနမ်းတွေက ဘာအဓိပ္ပါယ်လဲ
ငါသိချင်တယ်....

စိတ်ကသာ တင်းခံနေပေမယ့် ခြေထောက်တို့က
သူ့အခန်းဆီ တည့်တည့်မတ်မတ်ရောက်သွားခဲ့သည်
အကြောင်းကတော့ ညနေ ၄ နာရီပင်ကျော်နေပြီ
Jungkook တစ်ယောက် အခန်းထဲက မထွက်လာသောကြောင့်ဖြစ်သည်

" သူဘဲနမ်း သူဘဲရှက်ပြီး အခန်းထဲက မထွက်တာလား ဟွန့် အံ့သြပါ့ "

ဒါမဲ့ အလုပ်ကရှိသေးတယ်လေ
အလုပ်တော့ ထ သွားသင့်တယ်မဟုတ်လား
ခုထိ အိပ်နေတုန်းလား
သိချင်စိတ်တို့ထိန်းမရခဲ့
မာန နဲ့ စပ်စုချင်စိတ်တို့က လွန်ဆွဲနေလေပြီး
လက်ကတော့ စည်းမစောင့်စွာ တံခါးကိုဖွင့်ပြီးနေပြီး

ရှိစေတော့ဟာ~

" jungkook "

...............

" ဟဲ့ jungkook "

...............

" ငါခေါ်တာကြားလား အလုပ်တော့သွားသင့်တယ် "

တစ်ဖက်က တုံ့ပြန်သံ တစ်စုံတစ်ရာ မကြားတာကြောင့် Taehyung အသံကျယ်ကျယ် အော်မိခြင်းဖြစ်သည်

ဟုတ်တယ်လေ နေကလဲမကောင်း ခြေထောက်ကလဲ နာနေတဲ့သူက အလုပ်သွားဖို့ထိ လာခေါ်ပြီး ပြောရတာတော့ လွန်တယ်မဟုတ်လား။

THE DEEPEST ( COMPLETED ) Unicode + Zawgyi FontWhere stories live. Discover now