မျက်ခွံတို့ဖောင်းအစ်ကာနေလေသည်
တစ်ကိုယ်လုံးလဲ ထုထောင်းခံထားရသလို နာကျင်နေတာကြောင့် အိပ်ရာမှ နိုးနေသော်လည်း Taehyung မထနိုင်ခဲ့ပါ
နှုတ်ခမ်းလေးအား လက်ချောင်းလေးများဖြင့် အသာလေး ပွတ်ထိဆွဲကာ ဆော့ကစားနေရင်း
အတွေးတွေက မနေ့ညကအကြောင်းရာများဆီ......မုန်းတယ်~
ပထမဦးဆုံး ဦးဦးဖျားဖျား အနမ်းလေးမို့ မုန်းသည်
ကိုယ့်ကို မချစ် မနှစ်သက်သူက အတင်းလုယူသွားခဲ့၍ ပိုမုန်းရသည်" ဒါမဲ့ သူ့နှုတ်ခမ်းလေးတွေက အိနေရော "
Taehyung အသိစိတ်ပြန်ဝင်စေရန် ကိုယ့်ပါးကိုယ်ပြန်ရိုက်မိသည်
Jungkook က သူ့အပေါ် အနမ်းတို့ခြွေခဲ့ပေမယ့် သူတုံ့ပြန်မိသည့်ဖြစ်ရပ်ကိုတွေးမိတိုင်းလဲ ဝမ်းနည်းသလို စိတ်မကောင်းလိုဖြစ်နေရသည်ငါလွန်သွားလား~
မှားသွားပြီးလား~
အိုရ်..... သူက ငါ့ကိုချစ်တာမှ မဟုတ်ဘဲလေ.....
ဒါဆို ဘာလို့ လာနမ်းတာလဲ
သူ့အနမ်းတွေက ဘာအဓိပ္ပါယ်လဲ
ငါသိချင်တယ်....စိတ်ကသာ တင်းခံနေပေမယ့် ခြေထောက်တို့က
သူ့အခန်းဆီ တည့်တည့်မတ်မတ်ရောက်သွားခဲ့သည်
အကြောင်းကတော့ ညနေ ၄ နာရီပင်ကျော်နေပြီ
Jungkook တစ်ယောက် အခန်းထဲက မထွက်လာသောကြောင့်ဖြစ်သည်" သူဘဲနမ်း သူဘဲရှက်ပြီး အခန်းထဲက မထွက်တာလား ဟွန့် အံ့သြပါ့ "
ဒါမဲ့ အလုပ်ကရှိသေးတယ်လေ
အလုပ်တော့ ထ သွားသင့်တယ်မဟုတ်လား
ခုထိ အိပ်နေတုန်းလား
သိချင်စိတ်တို့ထိန်းမရခဲ့
မာန နဲ့ စပ်စုချင်စိတ်တို့က လွန်ဆွဲနေလေပြီး
လက်ကတော့ စည်းမစောင့်စွာ တံခါးကိုဖွင့်ပြီးနေပြီးရှိစေတော့ဟာ~
" jungkook "
...............
" ဟဲ့ jungkook "
...............
" ငါခေါ်တာကြားလား အလုပ်တော့သွားသင့်တယ် "
YOU ARE READING
THE DEEPEST ( COMPLETED ) Unicode + Zawgyi Font
Romanceခင်များက တော်တော် ရက်စက် ယုတ်မာ အောက်တန်းကျတဲ့လူဘဲ Kim Tae Hyung~ မင်းလို ပညာဂုဏ် အလှဂုဏ်မောက်ပြီး လူကို လူလို့ မထင်တဲ့ ယောက်ျားမျိုးကို ကျုပ်ဆိုတဲ့ကောင်ကလဲ သိပ်ကို ရွံမုန်းတာ Jeon Jungkook~