Zawgyi font နဲ့ Final ထိပြီးတာနဲ့
Unicode ပါ။
Unicode သမားတွေက အောက်ကိုသာ ဆွဲချသွားပါနော်
ဆေးတက္ကသိုလ် တစ်ခုလုံး၏ King
နက်မှောင်လှသော ဆံနွယ်
အဘက်ဘက်ကကြည့်ရင် အပြစ်ရှာမရအောင်
ပြေပြစ်တဲ့ မျက်နှာသွင်ပြင်
ယောက်ျားတစ်ယောက်ရှိသင့်တဲ့အရပ်အမောင်း
ခန္ဓာကိုယ် ဆိုတာလဲတောင့်တောင့်တင်းတင်း
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်
သူ့နာမည် Kim Taehyung
ချမ်းသာတဲ့မိသားစုအသိုင်းဝိုင်းက
ထပ်ကွန့်ရလျှင် ဆရာဝန်မျိုးရိုး
မာနအလွန်ကြီးတယ်
တော်ရုံတန်ရုံအပေါင်းသင်းမလုပ်ဘူး
သူကသာအဖတ်မလုပ်တာ သူ့ကိုဆို
လျစ်လျူရှုတာမျိုး သဘောမကျ
သူဆိုတာ သူများထက် တမူထူးတဲ့သူ
ပိုချော ပိုလှ ပိုခန့်တဲ့သူ မျိုးရိုးမြင့်တဲ့သူ
သူ့ဂုဏ်ဒြပ်တွေနဲ့ ဒီလောက်တော့မာနကြီးသင့်သည်
မဟုတ်ပါလား
အချစ်ဆိုတာကို အယုံကြည်မရှိသူ
သူ့အတွက်က ဂုဏ်ဒြပ် သိက္ခာတွေသာ
အရေးကြီးသည်
ဘယ်အရာကိုမှ အရှုံးမပေးခဲ့ဘူး
ဘယ်ကိစ္စနဲ့မှ ကိုယ့်အပေါ်
သေးသေးလေးတင်မခံသူ
သူ့အချစ် သူ့ဂုဏ်ဒြပ် သူ့ခန္ဓာ
အိုရ် သူနဲ့ပတ်သက်တာအကုန်
လိုချင်သူတွေ မိန်းမ ယောက်ျား အကုန်
အကုန်နင်းခြေပြစ်လာတဲ့သူ
သူ ဆိုတဲ့ Kim Tae Hyung ဆိုတာ
ထိုကဲ့သို့ လူမျိုး.....
******************
အသားဖြူဖြူ အရပ်မြင့်မြင့်
သူ့စိတ်ဓာတ်လေးက သူ့ရုပ်ရည်လေးအတိုင်း
ချစ်ဖို့ကောင်းတယ် ဖြူစင်လွန်းတယ်
ဥစ္စာပေါ ရုပ်ချော သူ့အနားမှာ
ကောင်မလေးတွေထက် သမီးရှင်တွေက
ဝိုင်းဝိုင်းလည်
သူငယ်ချင်းတွေကတောင် စနောက်ပြီးပေးထားတဲ့
Nickname ' ဝိုင်းရံချစ် '
Manly ဆန်တာသဘောကျတဲ့သူ
Manly ဆန်ဆန်နေတတ်တဲ့သူ
ထို nickname ကို သူ့အနေနဲ့
နည်းနည်းတော့ချဉ်မိသည်
သူ့မှာ အရမ်းကို ရွှန်းရွှန်းလဲ့တောက်ပနေတဲ့မျက်လုံးမျက်လုံးလေးတွေရှိတယ်
တစ်ခါတွေ့ရုံနဲ့ အကြည့်တွေမလွှဲနိုင်တော့အောင်
တောက်ပလွန်းတဲ့ မျက်လုံးလေးတွေ
သူ့အပြုံးတွေက ချိုလွန်းတယ် လူချစ်လူခင်ပေါတယ်
အပေါင်းသင်းဆန့်တယ် အဆင့်တန်းလဲမခွဲ
သူဘာလို့ King မရတာလဲ?
ဒါတွေက ပကာသန
ဂုဏ်ဆိုတာ သူ့အတွက်မလိုဘူး
အပိုအလုပ်တွေပါ ဒါက
သူ့မှာချစ်ရတဲ့သူတယ်! သူအရမ်းချစ်တာ.....
ချစ်သူ သက်တမ်း ငါနှစ်ကျော်ရှိပြီး
ထိုသူ၏ နာမည်
Jeon Jungkook~
**************
သူမဆိုတာ Jeon Jungkook က
အရမ်းချစ်ရတဲ့သူ
အသားညိုညက်ညက်လေးဆိုပေမယ့်
ခြောက်သွေ့နေခြင်းမရှိ ပြေပြစ်ချောမွေ့နေတာမျိုး
ရုပ်ရှည်အတင့်သင့်သာရှိသော်လည်း
နက်မှောင်သန်စွမ်းတဲ့ ဆံကေသာအလှက
မည်သူနှင့်မျှ ယှဉ်မရ
တင်လောက်ရှိတဲ့ ထိုဆံကေသာများနှင့်
အိနြေ္ဒရှင်မလေး
ချည်ဝတ်စုံလေးတွေကိုသာ နှစ်ခြိုက်စွာ
ဝတ်စားတတ်သည်
ရိုးသားကြိုးစားလွန်းသူ သူမ
သူမမှာ သူမအမေ၊ Jeon jungkook နှင့်
သူမရဲ့ အတတ်ပညာကလွဲရင် တခြားမရှိ
ဆင်းရဲလွန်းသော်လည်း သမီးအလိမ္မာလေးဖြစ်ကာ
မိဘအပေါ်လဲသိတတ်သည်
မိခင်မုဆိုးမနှင့် သမီးပျိုလေး နှစ်ယောက်ထဲ
ကြိုးစားရုန်းကန်ရသည်ကို
ချစ်သူက ကူညီထောက်ပံ့သည်ကိုလဲ လက်မခံ
သူမလိပ်ပြာ သန့်ချင်သည်လေ
ပတ်ဝန်းကျင်က ထိုးနှက်မှုကိုလဲ
သူမ မခံနိုင်ပါ
သူမ နာမည် Imn Bora~
*********
!!
YOU ARE READING
THE DEEPEST ( COMPLETED ) Unicode + Zawgyi Font
Romanceခင်များက တော်တော် ရက်စက် ယုတ်မာ အောက်တန်းကျတဲ့လူဘဲ Kim Tae Hyung~ မင်းလို ပညာဂုဏ် အလှဂုဏ်မောက်ပြီး လူကို လူလို့ မထင်တဲ့ ယောက်ျားမျိုးကို ကျုပ်ဆိုတဲ့ကောင်ကလဲ သိပ်ကို ရွံမုန်းတာ Jeon Jungkook~
