Part 7 ( Unicode )

Start from the beginning
                                    

အတွေးတို့ကို လက်စသတ်ကာ အောက်ထပ်သို့ပြေးဆင်းကာ မီးဖိုချောင်မှ လိုအပ်သည်များကိုယူကာ ပြန်တက်ခဲ့သည်
ရေပက်တိုက်ကာ အကျႌလဲပေးဖို့လုပ်တော့ ဘယ်ဘက်ရင်အုံက ကျင်ခနဲဖြစ်သွားရသည် ဒါဘယ်လို ခံစားမှုမျိုးလဲ
အကြောင်းကား tae ကြောင့်ဖြစ်သည်
Tae ယောင်နေသောအရာတစ်ခု

" jung...k ook " တဲ့

Awwnn သိပ်မြတ်နိုးရတဲ့ ကလေးဆီက တတွင်တွင်ခေါ်နေခဲ့ ယောင်နေခဲ့တာ ခုအနားမှာရှိနေတဲ့သူ မဟုတ်ခဲ့ဘူး သူတွန့်ဆုတ်နေခဲ့သည် tae ကိုထိရ ကိုင်ရ ပြုရမှာ သူစိတ်မလုံချင်တော့ပေ

" မဟုတ်ဘူး မဟုတ်ဘူး tae က ငါ့သူငယ်ချင်း ငါက တစ်သက်လုံး hyung တစ်ယောက်ထဲကိုဘဲ ချစ်သွားမှာ "

" ဟုတ်တယ် hyung ကထားသွားပေမယ့် သူတစ်နေ့ ငါ့ဆီပြန်လာမှာ tae က ငါ့သူငယ်ချင်း "

ကိုယ့်ကိုကိုယ်ငြင်းနေမိပေမယ့် နှလုံးသားနှင့် မျက်ဝန်းတို့ကတော့ လိမ်၍မရပေ
မျက်ရည်တို့အတားဆီမဲ့ထွက်လာတာကြောင့်
အခန်းထဲရှိရေချိုးခန်းထဲသို့ပြေးကာ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ပြန်ထွက်လာကာ အတတ်နိုင်ဆုံး စိတ်စုစည်းကာ လုပ်ပေးစရာရှိတာများကို လုပ်ပေးကာ jungkook ပြန်အလာကိုသာ စောင့်နေမိသည်

ဘာမှမသိရှာဘဲ အိပ်ပျော်နေတဲ့ Tae
သိပ်ကိုချစ်ဖို့ကောင်းလွန်းပါတယ်
ဘယ်လိုစကားလုံးရှာပြီး နှိုင်းပြရမှန်း
မသိနိုင်အောင်ကို Tae က လှလွန်းနေတယ်
ယောကျ်ားလေးတစ်ယောက်ကို လှတယ်လို့ မသုံးသင့်ပေမယ့် ဒီ့ထက်ပိုလေးနက်အောင်လဲ
ကျွန်တော် ပြောမပြတတ်တော့ပါ

" Tae ရာ ငါမင်းကိုနှမျောတယ်ဟာ "

~~~~~~~~~~~~~~~~~~~~~~~~~~~~

" တောက် !!!!! "

ခါတိုင်းအိမ်ပြန်ချိန်ထက် နာရီဝက်စောကာ သူထွက်လာမိသည် သောက်ထားတဲ့အရှိန်ကလဲနည်းနည်းရှိနေတာမို့ သူ့ရင်တွေ အရင်ကထက် ပိုပူနေသည် စိတ်ထဲက အမည်မသိခံစားချက်ကြီးပျောက်သွားချင်လို့ သောက်ပါတယ်ဆိုကာမှ ပိုလို့ပင် စိုးမိုးနေသည်  အိမ်ပြန်ကာ ဟိုနှစ်ယောက်ရဲ့ အခြေနေကိုကြည့်ချင်သော်လည်း မပြန်ချင်ပေ
အကြောင်းက အ့နှစ်ယောက်ကိုပူးပြီး မမြင်ချင်တာကြောင့်ပင်

THE DEEPEST ( COMPLETED ) Unicode + Zawgyi FontWhere stories live. Discover now