ကျွန်တော့်ကို ရှိုင်းညီ တကယ်ထားခဲ့တော့မယ်ဆိုတာကို နားလည်တော့ မျက်ရည်ကို ထိန်းမရ။ မထားခဲ့ပါနဲ့လို့လည်း မတောင်းပန်ရက်။ သူ ခံစားနေရသည့် ဝေဒနာကို ကျွန်တော်နားလည်သည်။ ဘယ်တော့မှ သာမာန်ချစ်သူတွေလိုမျိုး ကျွန်တော်တို့ပျော်ရမှာမဟုတ်။ သာမာန်ချစ်သူတွေလို ပေါင်းစည်းခွင့်ရှိမှာမဟုတ်။ ကျွန်တော့်ဘေးမှ ထွက်ခွာသွားဖို့ကြိုးစားနေသူ၏ လက်ဖျားကို ဆုပ်ကိုင်ဖြစ်သည်။
"ငါ့ကိုနမ်းခဲ့ပါလား ရှိုင်း"
နဖူးပြင်မှ အနမ်းတစ်ပွင့်သည် နောက်ဆုံးဖြစ်ခဲ့သည်။
ရှိုင်းညီထွက်သွားသည့်တိုင် ကျွန်တော် နေရာမှမရွေ့ခဲ့။ မျက်ရည်တွေက မကုန်နိုင်တော့ဘူးလား ထင်ရအောင်။ ဘာလို့ဒီလောက်တောင် ၀မ်းနည်းစွာ ငိုဖြစ်နေလဲဆိုတာ ကျွန်တော့်ကိုယ်ကျွန်တော်တောင်မသိ။ ခေါင်းတွေထိုးကိုက်လာကာ မျက်လုံးတွေရောင်ရဲနေသည်အထိ မျက်ရည်က မရပ်ချင်။ အငိုတိတ်ပြီဟု ထင်မိချိန် ရှိုင်းညီနှင့်ကျွန်တော်ရဲ့ အမှတ်တရတစ်ခုခုကို ပြန်သတိရသည်။ စူးစပ်နေသောမျက်လုံးများက မျက်ရည်ထပ်ကျသည်။ ထိန်းလို့မရ။
ညမှောင်ရီပျိုးချိန် ကိုကို လာခေါ်သည်အထိ ကျွန်တော်သည် ခုံတန်းလျားလေးမှာ ကူကယ်သူမဲ့ ထိုင်နေဖြစ်ခဲ့သည်။
"ညီ.. ဖေဖေ စိတ်ဆိုးနေတယ်။"
"ကျွန်တော် အိမ်မပြန်ချင်ဘူး ကိုကို။"
"လာခဲ့ပါကွာ။ မင်း အိမ်မပြန်ဘဲ ဒီမှာ တစ်ညလုံးနေမလို့လား။"
ကိုကို ချော့ခေါ်တော့ ကျွန်တော် မငြင်းနိုင်။ ကိုကို့နောက်မှ လိုက်လာခဲ့သည်။ ရှိုင်းနှင့်ကျွန်တော် တကယ် ဘာမှမပတ်သက်တော့။ ချစ်သူများမဟုတ်တော့။ ပြန်မတွေးဖြစ်အောင် စိတ်ကိုထိန်းရင်း အိမ်ပြန်ခဲ့ရချိန်။ အိမ်ရောက်သည်နှင့် ဧည့်ခန်းဝမှာ ဖေဖေ့ကိုတွေ့လိုက်ရသည်။ ကျွန်တော့်ကို ဘာမှမပြော။ မီးဝင်းဝင်းတောက်သော မျက်လုံးများနှင့် စိုက်ကြည့်နေသည်။ ဖေဖေ့ရှေ့ရောက်သည်နှင့် ကျွန်တော် အထိုးခံလိုက်ရသည်။ ပါးတစ်ဖက်သည် ပူခနဲ။ မျက်လုံးထဲ နာကျင်မှုကြောင့် ပြာဝေသွားသည်။
YOU ARE READING
လောင်းရိပ်
Teen Fiction(Unicode & Zawgyi) ခက်စွာရှေ့လှမ်း .. အားမာန်တင်းလည်း ... မသိစိတ်က ကျရှုံးရသည်..မေ့ပါပြီလို့ .. ဟစ်ကြွေးနေဆဲ.. ဒီရင်ထဲမှာ လွမ်း၍လာသည်...ရက်စက်သည်ဟု.. နာကြည်းပေမယ့်.. သူ့အချစ်ကို မက်မောမိသည်.. ဘဝတစ်သက်တာ.. ကိုယ့်အချစ်ဟာ.. ဘယ်အခါမှ..သူ့လောင်းရိပ်က လွတ...
ဇာတ်သိမ်းပိုင်း
Start from the beginning