~ အဲ့ဒါရှောင်းကျန့်လေ!မန်နေဂျာရဲ့#$# ~

တစ်ချို့ဝန်ထမ်းလေးတွေဆိုခပ်ပြုံးပြုံးနဲ့တီးတိုးပြောနေကြသေးတယ်။
လူမှုရေးအရအကုန်လုံးကိုပြန်ပြုံးပြဖြစ်တယ်။
ပီးတော့မှလူကြီးရဲ့အခန်းဆီကိုလာခဲ့လိုက်တယ်။

~ အကိုလေး ~

လူကြီးရဲ့အတွင်းရေးမှူးဦးလေးကြီးကထိုင်ခုံကနေထလာပီးတရိုတသေလာနှုတ်ဆက်တယ်။

~ မန်နေဂျာ အထဲမှာရှိပါတယ် ~

~ ဟုတ် ခွင့်ပြုပါဦး ~

အတွင်းရေးမှူးဦးလေးကိုနှုတ်ဆက်ပီးအခန်းထဲကိုပဲတန်းဝင်လာလိုက်တယ်။
အရေးကြိးတဲ့အလုပ်ကိစ္စတွေရှိနေရင်တောင်သူ့ကိုဝင်ခွင့်ပြုရမယ် လို့လူကြီးကအမိန့်ထုတ်ထားတာမို့အလုပ်ရှိရင်တောင်သူကဘေးကကြည့်နေလို့ရတယ်။

~ အ နာတယ် မန်နေဂျာဝမ် ~

အခန်းတံခါးဖွင့်ဖွင့်ချင်းကြားလိုက်ရတဲ့အသံကြောင့်ရှောင်းကျန့်တစ်ခေါင်းလုံးကျိန်းစက်သွားရတယ်။
နွေခေါင်ခေါင်မိုးကြိုးပစ်ခံရသလိုမျိုးလေ^^

ရှောင်းကျန့်စိတ်ကိုတင်းပီးအခန်းတံခါးကိုဆွဲဖွင့်လိုက်တယ်။
မြင်လိုက်ရတဲ့မြင်ကွင်းကမယုံနိုင်ဖွယ်ရာအတိ!!
သူ့ရဲ့လူကြီးနဲ့အတူပူးကပ်နေတဲ့မိန်းမတစ်ယောက်!
တိတိကျကျပြောရရင်အဲ့မိန်းမကလူကြီးရင်ခွင်ထဲရောက်နေတာ!!

ရှောင်းကျန့်ခေါင်းထဲရုတ်တရပ်ကျန်းချန်ပြောခဲ့တာတွေပြန်ကြားလာတယ်။

^ မင်းအဲ့လောက်ဆိုးနေတာ ငါသာ
ဝမ်ရီပေါ်ဆိုကွာပီးနေပီ^

^မင်းတော်တော်အရစ်သန်တာပဲ ရှောင်းကျန့်!ဝမ်ရီပေါ်မင်းကိုဘယ်လိုများသည်းခံနေလဲမသိဘူး??^

^အရမ်းမဆိုးနဲ့ ရှောင်းကျန့်!ဝမ်ရီပေါ် အသစ်ရှာသွားလိမ့်မယ် ^

ရှောင်းကျန့်ခေါင်းထဲဗုံးတွေကျဲချနေသလိုပဲ^^
မလှုပ်မယှက်သူရပ်နေမိတုန်း!!
အမြင်အာရုံတွေဝါးလာတာမို့သူတံခါးကိုပြန်ပိတ်ဖို့့်လုပ်လိုက်တယ်။
ရုတ်တရပ်ပဲ ပူးကပ်နေတဲ့မိန်းမနဲ့ခွာရင်းသူ့ဘက်လှည့်လာတဲ့လူကြီး!!
မျက်လုံးထဲမှာတုန်လှုပ်နေမှုကအထင်းသား!!
ဘာလဲ??ဘာလို့လန့်သွားရတာလဲ??သူအခုဘာလုပ်သင့်လဲ??

My sonny🐰<completed>Where stories live. Discover now