part-1💖

31.2K 1.2K 20
                                    

💖💖💖

   ~ ဗျာ! ~

တစ်စိတ်!
မေမေအခုဘာပြောလိုက်တာလဲ???
ငါပဲနားကြားမှားတာလား???
မဖြစ်နိုင်တာကြီး....

ရှောင်းကျန့်တစ်ယောက်အံ့သြလွန်း၍ပါးစပ်ပင်မပိတ်နိုင်တော့...

ပြူးကျယ်သွားသောမျက်ဝန်းများနှင့်   'ဗျာ´ ဟူသောအာမေဠိတ်သံတစ်လုံးသာထွက်နိုင်ပုံသည် အလွန်အမင်းအံ့သြနေခြင်းကိုသိသာစေသည်။

~ ပါးစပ်လေးတော့စေ့ပါဦး ကျန့်ကျန့်ရဲ့...
အဲ့လောက်ထိအံ့သြမနေနဲ့ ပီးတော့ကြိုပြောမယ် သားလုံးဝငြင်းခွင့်မရှိဘူး ကျန့်ကျန့် ~

ရှောင်းကျန့်အယောင်ယောင်အမှားမှားဖြင့်ကိုယ့်လက်ကိုယ်ဆွဲစိတ်မိသည်။
ရလဒ်အနေဖြင့်  စူးကနဲနာကျင်မှုနှင့်အတူ ရှောင်းကျန့်လက်ကလေးနီသွားသည်။

သွားပါပီ! ငါ့တော့...  တကယ်ကြီးဟ! ငါလေးလက်ထပ်ရတော့မှာတဲ့လား???
ပီးတော့မေမေ့သူငယ်ချင်းသားနဲ့တဲ့!
ဘယ်လိုတောင်လား???

အိမ်မက်သာဖြစ်ခွင့်ပေးပါတော့....

ရှောင်းကျန့်တစ်ယောက်စိတ်ထဲမှာသာရေရွတ်နေနိုင်တော့သည်။

မေမေ့၏ခေါင်းမာမှုအားမနိုင်မှန်းသိထားသောကြောင့် "ဟုတ်ကဲ့ " ဟုသာပြော၍အခန်းထဲသို့ဝင်လာခဲ့ခြင်းဖြစ်သည်။

ရှောင်းကျန့်တစ်ယောက်မိခင်အားမလွန်ဆန်နိုင်၍အခန်းထဲတွင်ရှေ့နောက်လျှောက်ကာအကြံညဏ်ထုတ်နေလေသည်

ဘာပဲဖြစ်ဖြစ်ရှောင်းကျန့်ထိုစေ့စပ်မှုအားလက်မခံနိုင်ပါ...

အကြောင်းမှာထိုသူသည်ယောကျားလေးဖြစ်နေ၍မဟုတ်ပါ/ သူသည်ယခုမှ Uni ကျောင်းသားလေးပင်ရှိသေးသည်မဟုတ်ပါလော^

ပျော်ရွှင်စရာကောင်းသောလူပျိုတစ်ယောက်ဘဝအားစောစီးစွာအဆုံးရှုံးမခံနိုင်ပါ။သူ၏လွတ်လပ်သောလူငယ်ဘဝလေးအားနေမဝင်စေချင်သေးပေ...

*စဉ်းစားစမ်းပါ ရှောင်းကျန့်ရာ မင်းကညဏ်ကြီးရှင်ပဲကို... *

မိမိကိုယ်ကိုအားပေးအားမြှောက်ပြု၍အချိန်အတော်ကြာစဉ်းစားပြီးသောအခါရှောင်းကျန့်တစ်ယောက်ဦ နှောက်မီးလင်း< အကြံညဏ်ရ > သွားလေသည်။

My sonny🐰&lt;completed&gt;Where stories live. Discover now