Forever 4♥️

6.5K 416 38
                                    

Unicode ❣

💖💖💖

^ လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ...^

ရှောင်းကျန့်ကိုင်သူမဲ့နေတဲ့ဖုန်းကိုချလိုက်တယ်။
ဆယ်မိနစ်^^သူလူကြီးကိုဖုန်းခေါ်နေတာဆယ်မိနစ်ကျော်နေပီ!!
အရင်နေ့တွေကဆိုနာရီဝကိခြားတစ်ခါလောက်ဖုန်းဆက်တဲ့လူကြီးကအခုနေ့လည်ဆယ့်နှစ်နာရီကျော်နေတာတောင်ဖုန်းတစ်ချက်မှမဆက်ဘူး^^Messageလည်းတစ်ကြောင်းမှမပို့ဘူး!!
ကုမ္ပဏီကိုသွားတာကိုးနာရီကတည်းက^^
အခုဆိုလူကြီးနဲ့သူအဆက်အသွယ်ပြတ်နေတာသုံးနာရီကျော်ပီ!!
*ဘာတွေများလုပ်နေလို့ပါလိမ့်??*
ကုမ္ပဏီကိုလိုက်သွားချင်ပေမယ့်ရှစ်လကျော်နေပီဖြစ်တဲ့ဗိုက်ကြောင့်ဘယ်လိုမှမဖြစ်နိုင်^^
ကိုယ်တိုင်လဲကားမမောင်းတတ်တာမို့ပိုအခက်တွေ့နေရတယ်။
ကျန်းချန်ကလည်းသူ့လင်လင်ကြီးနဲ့ခရီးလိုက်သွားတာပြန်မရောက်သေးဘူး!!
ရုတ်တရပ်ပဲရှောင်းကျန့်ခေါင်းထဲအတွေးမျိုးစုံဝင်ရောက်လာခဲ့တယ်။

*လူကြီးတစ်ခုခုများဖြစ်နေပီလား?? ဒါပေမဲ့ ကုမ္ပဏီမှာဆိုတော့ ဘေးကင်းမှာပါ!!
ဖုန်းများတစ်ခုခုဖြစ်သွားလို့လား??? ဒါဆိုရင်လည်းသူများဖုန်းနဲ့ဆက်သွယ်လို့ရပါတယ်!ငါ့ဖုန်းနံပါတ်ကိုလူကြီးအလွတ်ရတာပဲကို^^
အစည်းအဝေးကြောင့်များလား??
အရေးကြီးတဲ့အလုပ်ကိစ္စရှိနေလို့်ဖြစ်ရမယ်^
ဒါပေမဲ့ အရင်ကဆိုကြိုပီးဖုန်းဆက်ပြောတယ်လေ!မဟုတ်ရင် Messageပို့်တယ်လေ^
ဒီနေ့မှဘာဖြစ်လို့်ပါလိမ့်?? *

ထိုင်မရထမရနဲ့အတွေးများနေတဲ့ရှောင်းကျန့်!!
*လိုက်သွားတာပဲကောင်းမယ်^*
နောက်ဆုံးတော့ကုမ္ပဏီကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်။
အပေါ်ထပ်အနွေးထည်လေးကောက်ဝတ်ရင်းခြံတံခါးကိုသေချာပိတ်လိုက်တယ်။
ပီးတော့မှTaxiငှါးဖို့အိမ်အပြင်ကိုထွက်လာခဲ့လိုက်တယ်။
အိမ်မှာမေမေကအဖော်ငှါးဖို့ပြောပေမယ့်လူစိမ်းကိုသဘောမကျလို့ဘယ်သူ့ကိုမှမငှါးဖြစ်ခဲ့ဘူး^^
တစ်ပတ်တစ်ခါသာအိမ်ရှင်းဖို့်လူခေါ်ဖြစ်ကြတယ်။
ဒါ့ကြောင့်မို့အရေးကြုံရင်အိမ်စောင့်ဖို့လူမရှိခြင်း!!
.
.
.
.
.
ကုမ္ပဏီထဲဝင်ဝင်ချင်းပဲတွေ့တဲ့ဝန်ထမ်းတွေကခေါင်းငုံ့နှုတ်ဆက်သွားကြတယ်။

My sonny🐰<completed>Where stories live. Discover now