part-2💖💖💖

8.4K 405 0
                                    

📱📱📱

ကျယ်လောင်စွာမြည်လာသောဖုန်းသံကြောင့် ဝမ်ရီပေါ် တစ်ယောက် ဖိုင်တွဲများကြားမှခေါင်းထောင်လာလေသည်။

* L *gp ရဲ့ မန်နေဂျာတစ်ယောက်ဖြစ်တဲ့ဝမ်ရီပေါ် ဟာအသက် 22 နှစ်ပင်ရှိသော်ငြား ညဏ်ကောင်း၍အလုပ်ကြိုးစားသည့်လူငယ်လေးဖြစ်သည်။
သို့သော်သူ၏အပြောအဆိုဝတ်ပုံစားပုံနှင့်နေပုံထိုင်ပုံတို့အရသူ၏အသက်အရွယ်မှာ 22 ဟုပင်မထင်ရလောက်အောင်စနစ်ကျ၍စည်းကမ်းလည်းကြီးသည်။အလုပ်လုပ်ရာတွင်စေ့စပ်၍အမှားအယွင်းမရှိသူဖြစ်သည်။
သူ့လက်အောက်ဝန်ထမ်းများသည်ပင်သူ့ကိုခေါင်းမော့မကြည့်ရဲကြ။လေးလည်းလေးစား၍ကြေက်လည်းကြောက်ရွံ့ကြလေသည်။

~ ဝေ <ဟယ်လို> ~

~ အာ ဟုတ်သားပဲ မေမေ သားအခုပြန်လာခဲ့မယ် ~

~ ဘာမှာဦ မလဲ မေမေ ~

~ ဟုတ်ကဲ့မေမေ ~

~ သားဖုန်းချလိုက်တော့မယ်နော် ~

ဖုန်းချပီးသည်နှင့်နာရီကြည့်မိတော့ညရှစ်နာရီကျော်နေပီဖြစ်သည်။ဝမ်ရီပေါ် စာရွက်စာတမ်းများအားအမြန်သိမ်း၍ အိမ်သို့ပြန်ရန်ကားပါကင်သို့အပြေးသွားရတော့သည်။
ဒီနေ့သူ့မေမေ့အားလေဆိပ်သွားပို့ရမည့်နေ့။US ရှိအဒေါ့် သမီးမဂ်လာဆောင်အားသွားရမည်ဖြစ်သောကြောင့်လေဆိပ်သို့သူလိုက်ပို့ရမည်ဖြစ်သည်။
လေယာဉ်ချိန်က ကိုးနာရီဖြစ်၍သာတော်တော့သည်။
ဌာနမှအလုပ်များရှုပ်နေသောကြောင့်အချိန်ကိုပင်သတိမထားမိလိုက်ခြင်း။
တော်သေးတာပေါ့^ မေမေဖုန်းလှမ်းဆက်လို့။

အိမ်ရောက်သည်နှင့်မေမေ့အားလေဆိပ်သို့တန်းပို့လိုက်ရသည်။တစ်ပတ်လောက်နေမှာမလို့မှာစရာရှိသည်များကိုမှာရင်းမေမေလေယာဉ်မထွက်ခင်နောက်ဆုံးပြောသွားသောစကားများကြောင့် လူကအတောင့်လိုက်ဖြစ်ကာကျန်ခဲ့လေသည်။

~ သားမေမေပြန်လာရင်စေ့စပ်ပွဲလုပ်ရမယ်နော်သား ~

~ ဗျာ ရုတ်တရပ်ကြီး ~

အရင်ကဆိုလျှင်စေ့စပ်ပွဲမပြောနှင့်၊ရည်းစားအကြောင်းတောင်မပြောသည့်မေမေက... ရုတ်တရပ်မို့ကြောင်သွားရသည်မှာအမှန်ပင်။
သို့သော်နောက်ဆက်တွဲစကားကြောင့်လူကကြက်သေ သေသွားရသည်။

ကျွန်တော်လက်ထပ်ရမယ့်လူကလေ...
Uni တက်နေတဲ့သူတစ်ယောက်....
ပီးတော့သူကယောကျာ်းလေးတဲ့...
ဘယ်လိုတောင်လား? ??

မေမေနှင့်ညီအမအရင်းလိုချစ်ကြတဲ့အန်တီ့ရဲ့သားတဲ့။
ငြင်းခွင့်မရှိဘူးဆိုတာမေမေနောက်ဆုံးပြောသွားတဲ့စကား.

ဖေဖေကရောလို့မေးကြည့်တော့ ဖေဖေကလည်းသဘောတူထားသည်တဲ့။

ဝမ်ရီပေါ် တစ်ယောက်အိမ်ပြန်လမ်းတွင်အတွေးပေါင်းစုံဖြင့်ရှုပ်ယှက်ခတ်နေလေသည်။
သေချာပါသည်။သူဒီညတော့ကောင်းကောင်းအိပ်၍ရမည်မဟုတ်တော့ပါ....

💖💖💖

ဝမ်ရီပေါ် ညလုံးပေါက်စိတ်ငြိမ်အောင်ထား၍စဉ်းစားပီးပီဖြစ်သည်။
သူနှင့်လက်ထပ်ရမည့်ကောင်လေးအကြောင်းလည်းမေမေ့အားလှမ်းမေးထား၍သိပီးသားဖြစ်သည်။
မေမေပြောပုံအရ ထိုကောင်လေးကလူတော်၊လူကောင်းလေးမို့ သူစိတ်အေးသွားရသည်။
သူနှင့်လည်းအသက်တူတာကြောင့်အဆင်ပြေလောက်သည်ဟုထင်မိသည်။
ဘာပဲဖြစ်ဖြစ်ထိုကောင်လေးနှင့်နှစ်ဦးနှစ်ဖက်အစဉ်ပြေအောင်သာညှိရပေတော့မည်....
ငြင်းဖို့မတတ်နိုင်သည်မို့ အဆင်ပြေအောင်နေရန်သာ အကောင်းဆုံးဖြစ်သည်မဟုတ်ပါလော....

My sonny🐰&lt;completed&gt;Where stories live. Discover now