chanyeol ကို ကြည့်ရင်း...ပြုံးရင်း....သူတို့သာ နားလည်သော ခပ်တိုးတိုးစကားများဖြင့် အပြုံးချင်းပြိုင်နေသည့် jongdae hyung....
အစ်ကိုနှင့် ကျွန်တော်ကျ ဖေးဖေးမမနှင့် တွဲကူစရာလည်း မရှိ၊ အပြုံးချင်းဆုံပြီးလည်း စကားမပြောရဘဲ ကိုယ့်လမ်းကို လျှောက်နေရသည်။
"အစ်ကို"
"ဟင်"
"......"
"ပျင်းနေတာလား....တောခြောက်တဲ့ ပုံပြင်တွေ ပြောပြရမလား"
"ဟင့်အင်း...ဟင့်အင်း"
ကျွန်တော် ခပ်သွက်သွက် ခေါင်းယမ်းလိုက်တော့ အစ်ကိုက ရယ်ပြီး ရုတ်တရက် ထိုင်ချလိုက်သည်။
"အား....ညောင်းလိုက်တာကွာ....မောတယ်"
"ဟင်...."
ချွေးထွက်ကာစ...သိပ်မမောသေးဘူး ထင်နေတာမို့ သူပြောလိုက်တော့ ကျွန်တော် ပျာသွားရသည်။
အစ်ကို့နဖူးပေါ်က ချွေးတွေကို အင်္ကျီလက်လေးနှင့် သုတ်ပေးပြီး ရေဗူးဖွင့်ပေးတော့ အစ်ကိုက ပြုံးနေသည်။
"အာ....အစ်ကို ! "
"အဲလို ဂရုစိုက်ပေးချင်တာ မလား....ကိုယ် ခဏခဏ မောပေးပါ့မယ်"
"......"
ကျွန်တော် ရှက်ပြီး တစ်ယောက်တည်း ထွက်လာတော့ အစ်ကိုက တဟားဟားရယ်ပြီး နောက်က လိုက်လာသည်။
"အချစ် "
"ဟမ်"
"chanyeol က jongdae ကို အဲလိုခေါ်နေတယ်..."
ကျွန်တော့်ပုခုံးကို လာဖက်ရင်း နောက်ပြောင်နေသည့် အစ်ကို့ကို စကားပြန်ရန် ပြင်စဉ်မှာပဲ အစ်ကိုက ကျွန်တော့်ကျောပိုးအိတ်ကို အသာလျှိုပြီး ဖြုတ်ပြီးသွားပြီ။
ထို့နောက် ဘာမှမပြောဘဲ သူ့လွယ်အိတ်အသေးလေး ကျွန်တော့်ကို နေရာတကျ ပြန်လွယ်ပေးသည်။
"ကျွန်တော် မပင်ပန်းပါဘူး အစ်ကိုရဲ့"
"Aircon ခန်းထဲပဲ အလုပ်လုပ်ရတဲ့ CEO လေးကို အထုပ်ကြီးကြီး မသယ်ခိုင်းရက်ပါဘူး"
"ကျွန်တော် ခပ်ပျော့ပျော့ မဟုတ်ပါဘူးနော်"
"သိပါ့ဗျာ....မပင်ပန်းစေချင်လို့ ဟုတ်ပြီလား"
YOU ARE READING
Your Smile (Unicode)
Fanfictionအစ်ကို့ အပြုံးတွေက ကျွန်တော်ကိုးကွယ်တဲ့ ကျိန်စာတွေ ~ ~ ကျွန်တော်ထွေးပွေ့တဲ့ အကြင်နာတွေ ~ ~ #sekai #kaihun #my isolated world
Final
Start from the beginning