"အလုပ်ကိစ္စ မရှိဘူး မလား....အရေးမပါတာတွေ ပြောဖို့ ငါ မအားဘူး...ပြန် လွှတ်လိုက်"

"အခုရော...ဘာ အကြောင်းပြချက်နဲ့လဲ"

ရှင်းပြရမှာ မောတယ်။

•••••••••••••••

နောက်တော့လည်း.......
အစ်ကို့ အငွေ့အသက်လေးတွေအတွက် ကျွန်တော် jongdae hyung ဆီ ရောက်လာခဲ့ပြန်သည်။

သူကတော့ ထုံးစံအတိုင်းပါပဲ...

"Hyung ဆီ လာတာလား sehun"

"အင်း...."

ခုံတန်းလေးမှာ အတူတူထိုင်ကြတော့ အစ်ကိုနဲ့ နီးစပ်နေသလိုလို ခပ်နွေးနွေးခံစားရသည်။

"ပြော...ဘာသိချင်လဲ"

"ကျွန်တော် အစ်ကိုနဲ့ လမ်းခွဲထားတာ"

"အင်း.....လမ်းခွဲတယ်ဆိုတဲ့ စကားကတော့ များလွန်းပါတယ်"

ဟုတ်တော့ ဟုတ်ပါတယ်။ လက်တွဲခဲ့တာမှ မဟုတ်တာ။

"အဲဒါ အစ်ကို အဆင်ပြေ..........နေရဲ့လား"

"သူက...."

"ရတယ်....မဖြေပါနဲ့တော့"

"မင်းကတော့ အဆင်မပြေဘူး ထင်တယ်"

မသိဘူး။ ဒီတိုင်းလေးက ပိုကောင်းမှာပါ။ ကျွန်တော် ဘာမှမသိတာ ပိုကောင်းမှာပါ။

"hyung ရော ဘယ်လိုလဲ...chanyeol နဲ့"

"Yeol နဲ့တော့ အဆင်မပြေဘူးပေါ့"

"Hyung အဲဒီအမှုကို ဆက်လုပ်မှ ဖြစ်မှာလား...yeol မိဘတွေနော်...ရလဒ်က chanyeol စိတ်နာသွားရုံပဲ ရှိမှာ"

ထိုကဲ့သို့ အမှုကြီးများတွင် အမှန်တရားက အရေးမပါ။ ဒါကို အားလုံးသိရက်နဲ့......chanyeol နှင့် ထိပ်တိုက်တွေ့ဖို့ သူ ဘာကြောင့် ရွေးချယ်ပါလိမ့်။

"အခုလည်း သူ စိတ်နာနေတာပဲ"

"......"

"ငါ့ဘဝမှာ chanyeol ထက်တော့ ဘာမှ ပိုအရေးမကြီးပါဘူး....သူ မယုံပေမဲ့"

"ကျွန်တော်တောင် မယုံချင်ဘူး"

"ဟား....ဟား....ငါတို့ ကလေးတွေ...ထရော်မာ တွေက အရမ်းပြင်းထန်နေခဲ့ပြီပဲ"

"......"

"ရယ်မိလို့လား....hyung ကတော့ ငိုမပြချင်တဲ့ အချိန်တွေဆို ရယ်တာက အကျင့်ဖြစ်နေပြီ...ကြာတော့လည်း တကယ် မငိုတတ်တော့ဘူး"

Your Smile (Unicode)Onde histórias criam vida. Descubra agora