"အဲဒါဆို jongdae hyung စောင့်နေလိမ့်မယ်....ကျွန်တော် ဖုန်းချတော့မယ်နော် အစ်ကို...hyung ကို ကျွန်တော်က ဂုဏ်ပြုပါတယ်လို့"

အစ်ကိုက တိုးသဲ့သဲ့ ရယ်မောသည်။

"ဒါပဲနော်" တဲ့။

•••••••••••••••••••••••••••••••

ထို့နောက်တွင်တော့ အစ်ကိုက ကျွန်တော့်တောင်းဆိုမှုများ ဆက်တိုက် ငြင်းဆန်ခဲ့လေသည်။ ပြဿနာတစ်ခုက ဖြစ်ပြီးသွားတာကိုတောင် ကျွန်တော်က မသိလိုက်သလိုမျိုး....

"အစ်ကို မအားဘူး ဆိုတာ ကျွန်တော့်ကို မတွေ့ချင်လို့လား...ဟုတ်လား"

ဝန်ခံရလျှင် 'ကိုယ် တကယ်မအားတာပါ' ဖြေပေးရန် မျှော်လင့်မိခဲ့ပါသည်။ အပြည့် မမှန်တာပဲ ဖြစ်ဖြစ်....တစ်ခုလုံး လိမ်တာပဲ ဖြစ်ဖြစ်.....

"အင်း....."

သူက ကျွန်တော့်ကို မလိမ်ချင်ဘူးလေ။

"သြော်....အင်းပါ....ကျွန်တော် မနှောင့်ယှက်တော့ဘူး"

ဒါက အထူးအဆန်းလည်း မဟုတ်ပါဘဲ...
ကိုယ်က လက်လွှတ်လိုက်ရင် အားလုံးပြီးဆုံးသွားမည့် ဆက်ဆံရေးက အခုမှ စတင်တာလည်း မဟုတ်ပါဘဲ.....

ကျွန်တော် နာကျင်နေခဲ့သည်။

••••••••••••••••••••••••••••••••

ကျွန်တော် အစမပြုသည်နှင့် ဖြစ်မလာတော့သော ဆက်နွယ်မှုများ.....

ကျွန်တော် ဘာမှမလုပ်ရင်လည်း ဘာမှ ဖြစ်လာတော့မည်မဟုတ်။ အစ်ကိုက ဘာကိစ္စအတွက်နဲ့မှ ကျွန်တော့်ကို သတိရမှာ မဟုတ်တာ......သူက ကျွန်တော်မရှိလည်း အဆင်ပြေသူ မဟုတ်လား။

ဒဏ်ရာမရှိသော်လည်း တမြေ့မြေ့ သေဆုံးတော့မည့် နှလုံးသားကို ထုတ်ပိုး၍ သူအိမ်ရှေ့ရပ်နေရသည်က သူ ဖုန်းစက်ပိတ်ထား၍ ဖြစ်သည်။

တစ်ခါမှ မထိခဲ့ဖူးသော သူ့အိမ်တံခါး ဘဲလ်လေးကို တို့ထိရင်း....

ဖြတ်သွားသည့် ကလေးလေးနှစ်ယောက်က ကျွန်တော့်ကို အထူးအဆန်းလို ကြည့်သည်။

"ဦးဦး jongin က အိမ်မှာ မရှိဘူး"

ကျွန်တော် ဘဲလ်မတီးဖြစ်တော့ဘဲ ကလေးနှစ်ယောက်ဆီ လျှောက်လာဖြစ်သည်။ ဆင်တူသလောက် ရုပ်ရည်နှင့် ကောင်လေးနှင့် ကောင်မလေး....

Your Smile (Unicode)Where stories live. Discover now