"ကိုယ်လည်း မကစားတတ်ပါဘူး....ရွှေ့ချင်သလို ရွှေ့နေတာပဲ"
"ဟင်....ဒါများ....ကစားဖို့ ပြောနေသေးတယ်"
"ပျင်းလို့ ကို"
ဂိမ်းကို အစက ပြန်ဝင်ရန် လုပ်နေသော အစ်ကို့ လက်ချောင်းသွယ်သွယ်များ....
"အမြဲတမ်း ကိုယ့်ကို လာတွေ့နေရတာ မပျင်းဘူးလား"
"ကျွန်တော်က နေ့တိုင်းတောင် တွေ့ချင်တာ...အစ်ကိုက မတွေ့ချင်ဘူးလား"
ဘာမှန်းမသိ အစ်ကိုက ခေါင်းယမ်းသည်။
အစ်ကို့လက်ဆစ်တွေပေါ်မှာ ဒဏ်ရာသေးသေးလေးတွေက အပြည့်။ တစ်ချို့ဒဏ်ရာအသစ်လေးတွေက မခြောက်သေးပဲ သွေးစလေးတွေပါ ကပ်နေသေးသည်။ထိုဒဏ်ရာတွေပေါ် ခပ်ဖွဖွလေး တို့ထိလိုက်ရင်း...
"မနာဘူးလား"
"နာအောင် လုပ်ထားတာပဲ"
"ဆေးထည့်ပါ့လား"
"ဘာမှ မဟုတ်တာလေးကို...ကိုယ် ဘာမှ မဖြစ်ဘူး....ကိုယ်တို့ နောက်တစ်ပွဲ ပြန်ကစားကြမလား"
"အင်း...ဒီတစ်ခါ အလောင်းအစား လုပ်မယ်လေ...ကျွန်တော်နိုင်ရင် အစ်ကို ကျွန်တော်ခိုင်းတာ လုပ်ပေးရမယ်...နှစ်ယောက်လုံး မကစားတတ်တော့ ကံတရားပေါ့"
"ဟုတ်ပါပြီဗျာ....ကိုယ်နိုင်ရင်လည်း ကိုယ်ခိုင်းတာ လုပ်ပေးရမှာနော်"
အကွက်နှစ်ကွက်လောက် ရွှေ့ပြီး ကျွန်တော် အစ်ကို့ကို မော့မကြည့်ဘဲ ခပ်တိုးတိုးပြောလိုက်သည်။
"တကယ်လို့ ကျွန်တော်နိုင်သွားရင်"
"အင်း..."
"အဲဒီ Noona ကို ဆက်မချစ်တော့ဖို့ တောင်းဆိုရင်ရော"
"ကိုယ့်တောင်းဆိုချက်ကလည်း hun ကိုယ့်ကို ဆက်မချစ်နဲ့တော့ ဖြစ်နေရင်ရော"
"အစ်ကိုက ကြောက်စရာပဲ"
"......"
အစ်ကိုက ဘာမှပြန်မပြောပေမဲ့ ကျွန်တော် မော့မကြည့်နိုင်ဘူး။
"မျှော်လင့်ချက် ဆိုတာ အသက်ရှင်သန်နေနိုင်ဖို့ အကြောင်းပြချက် တဲ့....အစ်ကိုရဲ့"
YOU ARE READING
Your Smile (Unicode)
Fanfictionအစ်ကို့ အပြုံးတွေက ကျွန်တော်ကိုးကွယ်တဲ့ ကျိန်စာတွေ ~ ~ ကျွန်တော်ထွေးပွေ့တဲ့ အကြင်နာတွေ ~ ~ #sekai #kaihun #my isolated world
[14]~
Start from the beginning