"ကျွန်တော်က John Legend ရဲ့ All of me"
ထိုညက အစ်ကိုနှင့်အတူ သီချင်းပေါင်းများစွာ နားထောင်ခဲ့ရပါသည်။
••••••••••••••••••••••••••••••••••••••
^^^^^^^^^^^^^^^^^^^^^^^^^အနက်ရောင် suit နှင့် မြင့်မားသော အရပ်၊ ကျယ်ပြန့်သော ပုခုံး၊ ကြံ့ခိုင်သော ရင်အုပ်နှင့် ကိုယ့်ကိုယ်ကို မှန်ထဲ ကြည့်ကာ ကျေနပ်သွားသည်။
ရှုပ်ထွေးများပြားလွန်းသည့် ပညာရပ်တွေက လေ့လာ၍ မကုန်နိုင်အောင်ပဲ။ ဒါပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားဖြည့်စွမ်းထားတာမို့ ကိုယ့်ကိုယ်ကို ယုံကြည်သည်။
ကြီးကျယ်ခမ်းနားလှသော ခန်းမထဲတွင် ထိပ်ဆုံးမှာ တစ်ယောက်တည်း ရပ်နေရတာ ယုံကြည်မှု အပြည့်ရှိသည်။
အားလုံးက ကိုယ့်အရည်အချင်းကို စောင့်ကြည့်ကြမည် ဖြစ်သော်လည်း ဖေဖေ့လူရင်းတွေချည်းပဲမို့ စိတ်အနှောင့်အယှက်ဖြစ်စရာမရှိ။
လုပ်ငန်းခွင်၏ ပထမဆုံးတရားဝင်နေ့ရက်သည် တွေ့ဆုံနေကျ အစ်ကို့ရှေ့ ရပ်နေရတာလောက် စိတ်လှုပ်ရှားစရာ မကောင်းခဲ့ပါ။
တစ်လကြာသည်အထိ အလုပ်ထဲ ခေါင်းနစ်နေသည့် ကျွန်တော်နှင့် သူ့အကပြိုင်ပွဲ ရှိသည်ဆိုသော အစ်ကိုသည် သီချင်းပင် နားမထောင်နိုင်လောက်အောင် အလုပ်ရှုပ်နေခဲ့သည်။
"ငါ့ကို နားချိန်လေးတော့ ပေးပါဦး....minyoung ရာ"
တကယ့်ကို ပင်ပန်းနေပြီ။
Minyoung က ကျွန်တော့်ထက် အသက်ကြီးပြီး ငယ်ငယ်ကတည်းက ကျွန်တော့်အတွင်းရေးမှူးပေါက်စ ဖြစ်လာသူပင်။ အခုလည်း ကျွန်တော့် ကိစ္စအဝဝကို ဦးစီးရပြီး ကျွန်တော့် ဒရိုင်ဘာ...ကျွန်တော့် စားဖိုမှူး။
"အေးပါ....ဒီညနေ japanese အချိန် နားပေးမယ်...ဆရာကလည်း မင်းက အဆင်ပြေတယ်တဲ့"
"တကယ်"
ရုတ်ချည်း တက်ကြွသွားသော ကျွန်တော့်ကို minyoung ကဖြင့် နားမလည်သလို ကြည့်နေသည်။
ဖုန်းနံပါတ်တစ်ချို့ကို ပျော်ရွှင်စွာ နှိပ်ရင်း.....
"Hello....အစ်ကို"
VOUS LISEZ
Your Smile (Unicode)
Fanfictionအစ်ကို့ အပြုံးတွေက ကျွန်တော်ကိုးကွယ်တဲ့ ကျိန်စာတွေ ~ ~ ကျွန်တော်ထွေးပွေ့တဲ့ အကြင်နာတွေ ~ ~ #sekai #kaihun #my isolated world
[12]
Depuis le début