လာနေတဲ့ သီချင်းက ကျွန်တော်နားမလည်တာမို့ ကြောင်သွားသည်။ ပြီးမှ ကျွန်တော့်ကို တရုတ်စကားနှင့် ကျွမ်းဝင်စေရန် ဦးလေး john အစီအစဉ်မှန်း သတိရသည်။ သီချင်းကို ကျော်ရန် စဉ်းစားလိုက်ပေမဲ့ အစ်ကို့ကိုလည်း မလိမ်ချင်သည်မို့.....

"အင်း....အခု နားထောင်နေတာ....love doesn't come alone တဲ့...ဘယ်သူဆိုတာလဲတော့ မသိဘူး"

"သြော်...အချစ်က တစ်ကိုယ်တည်းမလာ ပေါ့...အဲလိုလား"

"အင်း...အဲလိုမျိုးပဲ"

"သဘောကျတာလား"

"အဲ....အင်း...ဒီအတိုင်းပါပဲ"

တရုတ်သီချင်းကြီး။ ကျွန်တော်က စာသားတောင် အကုန်နားလည်သေးတာ မဟုတ်ဘူးရယ်။

"Hun..."

"ဗျာ...."

"ကိုယ့်ကိုယ်ကို တစ်ယောက်တည်းလို့ ဘယ်တော့မှ မစဉ်းစားနဲ့နော်..."

ကျွန်တော် နားလည်သွားသလိုပဲ။ အခု အထီးကျန်နေတာ ကျွန်တော် မဟုတ်ဘဲ အစ်ကို ဆိုတာကိုပေါ့။ ပြီးတော့ အစ်ကို စိတ်ပင်ပန်းနေတယ်။

"ဟုတ်....အစ်ကို ရှိနေသရွေ့ ကျွန်တော်က တစ်ယောက်တည်း မဟုတ်ပါဘူး"

"Alan walker ရဲ့ I'm not alone နားထောင်ဖူးလား"

"အင်း......."

"အဲဒါ နားထောင်ကြည့်....ဘာရယ်တော့ မဟုတ်ပါဘူး"

"အစ်ကိုလည်း Zhang Yixing ရဲ့ Alone ဆိုတဲ့ သီချင်း နားထောင်ပါ့လား....တကယ် မိုက်တယ်"

အဲ့....ကျွန်တော်က စနောက်ပြီး တမင်ပြောလိုက်တာ ဖြစ်ပေမဲ့ အစ်ကိုက မရယ်ဘူး။

"တရုတ် သီချင်းလား....ဘယ်လိုလုပ် နားလည်ပါ့မလဲ"

အစ်ကို့ကို အရွဲ့တိုက်နေတာလားလို့ပဲ ဖြစ်ဖြစ်....ပြောစမ်းပါလား။

"အင်း....lyrics ရှာ ကြည့်ပေါ့"

"အင်း...ဟုတ်ပြီ....အခု နားထောင်နေတာ Linkin Park ရဲ့ One More Light"

ရင်ထဲတောင် အောင့်သွားသလိုပဲ။ ဘယ်လိုတောင်လဲ။ ကျွန်တော့် သီချင်းကလည်း Eric Chou ရဲ့ How have you been? တဲ့။ ကျွန်တော် ရီမုဒ်ကိုသာ ဖိနှိပ်ပစ်လိုက်သည်။

Your Smile (Unicode)Where stories live. Discover now