ကျွန်တော်တို့ကို လှမ်းကြည့်သော jongdae hyung က ဘာပြောမှန်း နားလည်ပုံမရ။ သူ့မျက်ဝန်းတွေက အေးခဲနေသည်။

"ကျွန်တော် ဘာလုပ်နေလို့လဲ"

"မင်း ငါ့သားကို မြှူစွယ်သွားပြန်တာ မဟုတ်လား...အောက်တန်းစားကောင်..အပြောတစ်မျိုး အလုပ်တစ်မျိုး"

"အမေ"

အဲလောက်ပြင်းပြင်းထန်ထန် ပြောမည် မထင်၍ ကျွန်တော်လည်း လန့်သွားသည်။

"ဟက်....ဘယ်သူက ဘယ်သူ့ကို လိုက်ကပ်နေတာလဲ မေးစမ်းပါဦး...ကျွန်တော်ကလည်း ခင်ဗျားတို့ အရိပ်ကို မမြင်ချင်တာပါ...ခင်ဗျား သားကသာ"

ဖြန်း....

ကျွန်တော် ဆတ်ခနဲ တစ်ချက်တုန်သွားသည်။

"အစေခံသားကများ...ရာရာစစ...မင်း သခင်လေးကို မင်းပစ်မှားနေတာ...မင်းက ဘာမို့လို့လဲ...ငါ့သားက ဖိနပ်တွေ သုတ်ခိုင်းဖို့ မင်းကို ရှာတာပဲ ဖြစ်မှာ"

ပါးပြင်နှင့် အပြိုင် နီရဲနေသော jongdae hyung မျက်ဝန်းတွေ.....
ကျွန်တော့်မှာ ထိတ်လန့်နေ၍ လှုပ်ပင် မလှုပ်နိုင်..

"ဟုတ်ပြီ...ကျွန်တော် အခု ကိုယ့်ဘဝနဲ့ ကိုယ်နေတယ်...ခင်ဗျားတို့ အစေခံလည်း မဟုတ်တော့ဘူး...park chanyeol ကိုပဲ သေချာပြောထား...ဖိနပ်သုတ်ပေးမဲ့ ကောင်ဆီကို တကူးတက လာမရှာစေနဲ့"

ကျွန်တော် chanyeol ဆီ လှည့်ကြည့်လိုက်သည်။ အများကြီး မတွေးနိုင်သေးပေမဲ့ သူ ထွက်လာသင့်သည် မဟုတ်ဘူးလား။ ငြိမ်သက်နေသော သူ့ကို နားမလည်နိုင်ပါ။

"မင်း....ဘာ"

"ခင်ဗျား ရှေ့တင် ကျွန်တော် ပြောနိုင်တယ်...park chanyeol ကျွန်တော့်ဆီ ဘယ်လောက်လာလာ ကျွန်တော် မကြိုဆိုခဲ့ဘူး...ကျွန်တော့်လို ကောင်ကလည်း ခင်ဗျားတို့နဲ့ ပတ်သက်ရမှာ ရွံပါရဲ့ဗျာ"

"တောက်"

ထပ်မံမြှောက်လာသော သူမလက်ကြောင့် ကျွန်တော် မျက်လုံးမှိတ်လိုက်မိသည်။ ဘာသံမှ မကြားရ။

chanyeol ? ?
အစ်ကို....

"သခင်မကို ကျွန်တော် တစ်ခု ပြောချင်တယ်... chanyeol က jongdae နောက်ကို သူ့ဘာသာလိုက်လာတာ...ကျွန်တော်တို့ဘက်က ဘာမှ အဆက်အသွယ်မလုပ်ခဲ့ဘူး...ပြီးတော့ သူအိမ်မပြန်ဘဲ သူငယ်ချင်းအိမ်မှာနေတယ်...အဲဒါ jongdae မသိဘူး...အခုလည်း jongdae က ကျွန်တော်ခေါ်လို့ လိုက်လာတာ...သူက သခင်မအိမ်က မဟုတ်တော့လို့ လက်ပါတာလေး တဆိတ်သတိထားပါ...အိမ်ရှင်ကိုလည်း အားနာပါဦး"

Your Smile (Unicode)Where stories live. Discover now