ဘာကြောင့်ရယ်မရှိ။ ရုတ်တရက် တွေ့ဆုံရန် မျှော်လင့်မထားမိသောကြောင့် အယောင်ယောင်အမှားမှား ဖြစ်သွားသည်သာ။

အစ်ကို့က ကျွန်တော့်ကို မြင်ပုံ မပေါ်သေး။ မြင်သွားလျှင် ဘယ်လိုနှုတ်ဆက်ရမည် မသိ၍ ကျွန်တော် ခေါင်းငုံ့၍ ခပ်ဖြည်းဖြည်း လျှောက်လာလိုက်သည်။

တကယ်လို့ အစ်ကိုက ကျွန်တော့်ဆီ မရောက်ခင် ထောင့်ချိုးမှာ ကွေ့သွားလျှင်ရော....
လမ်းက တစ်ဖြောင့်တန်းသာ ရှိမှန်း ကျွန်တော်သိပါသည်။

1.....2....3....4.....5.....6

"ဟေး"

ငုံ့ထားသော မျက်စိရှေ့ ရောက်လာသော လက်ဝါးပြင်နှစ်ဖက်။ အသံထွက်ရုံ လက်ခုပ်တီးရင်း အစ်ကိုက ကျွန်တော့်ကို ခါးကိုင်း၍ ကြည့်နေသည်။

"ဟင်....အစ်ကို"

ကျွန်တော် သူ့ကို အခုမှ မြင်သည်ဟု အစ်ကိုက ယုံကြည်ပုံရသည်။

"နေ့လည်စာ လာစားတာလား...တစ်ယောက်တည်းလား"

"ဟုတ်....အဲ....မဟုတ်ဘူး....chanyeol ပါတယ်...အဲ...အခုတော့ သူ မရှိဘူး"

"အင်း...သိတယ်...jongdae လည်း အခု မရှိတော့ဘူးလေ...သွား...သူ့စောင့်မနေနဲ့...အစ်ကိုက စားခဲ့ပြီ"

ကျွန်တော်ကို့ တစ်ချက်ပြုံးပြကာ ထွက်သွားသော အစ်ကို့နောက်ကျောကို လိုက်ကြည့်မိသည်။

အစ်ကို့လမ်းလျှောက်ပုံက ကြည့်ကောင်းလှပါလား....နောက်ကျောပြင်လေးကတောင် ပြည့်စုံလွန်းလိုက်တာ.....

••••••••••••••••••••••••••••••••••

ထုံးစံအတိုင်း ကားကို ကျောင်းနှင့် ခပ်လှမ်းလှမ်းတွင် ရပ်ခိုင်းခဲ့ပြီး လမ်းလျှောက်လာခဲ့သည်။

"ဟေး....sehun"

chanyeol အသံနှင့်အတူ အနက်ရောင် ဆိုင်ကယ်မြင့်ကြီးက ကျွန်တော့်နံဘေးထိုးရပ်လာသည်။

ဆိုင်ကယ်စီးသူက ဆိုင်ကယ်ဦးထုပ်ဆောင်းထားသော်လည်း အချိုးကျကျပြေပြစ်သော ပုခုံးတို့ကို ကြည့်ရုံဖြင့် ကျွန်တော့်အစ်ကိုမှန်း အလိုလိုသိစေသည်။ ကမ္ဘာပေါ်မှာ အပြည့်စုံဆုံး လူသားဆိုရင် အစ်ကိုသာ ဖြစ်မည် မဟုတ်လား။

Your Smile (Unicode)Where stories live. Discover now