Episode 18

3.2K 392 13
                                    

(Zawgyi)

ဘယ်လောက်ပဲစိတ်ဆိုးနေနေ ကျောင်းရောက်လာတော့ ကိုယ့်ဘေးကခုံအလွတ်ကိုမြင်တော့ စိတ်ထဲမကောင်းချင်....။

သူကကိုယ့်ရဲ့ချစ်သူ...။ မိန်းကလေးအဖြစ်နဲ့ရော ယောင်္ကျားလေးအဖြစ်နဲ့ရော ချစ်ခဲ့ရတဲ့သူ...။ မတူတဲ့ရင်ခုန်သံတွေကို ပေးစွမ်းနိုင်စွမ်းရှိတဲ့သူ...။ ဒါပေမယ့်... သူသိပ်ရက်စက်တယ်... ကိုယ့်ကိုလှည့်စားရက်တယ်...။

သူတင်မကဘူး... ကိုယ့်သူငယ်ချင်းတွေကပါ အလိုတူအလိုပါနဲ့လေ...။ သူတို့အားလုံးကို စိတ်ဆိုးဆိုးနဲ့အော်ဟစ်သောင်းကျန်းပြီး ပြန်လာခဲ့ပြီးနောက်မှ သူဘာလို့ဒီလိုလုပ်ရတာလဲဆိုတာကို ကိုယ့်ဉာဏ်မှီသလောက်နဲ့ စဉ်းစားကြည့်မိတယ်...။

Taehyung တို့ကိုမေးရင် သိနိုင်သော်လဲပဲ လောလောဆယ်မှာသူတို့ကိုလဲ စကားမပြောချင်...။ မှတ်လောက်သားလောက်အောင် ပစ်ထားချင်တယ်...။ ကိုယ့်ကွယ်ရာမှာသူတို့ လှောင်ရယ်ကောင်းလှောင်ရယ်ခဲ့ကြမှာပဲ...။ ကိုယ့်အဖြစ်က ကိုယ်စီးတဲ့မြင်းကို အထီးမှန်းအမမှန်းတောင် မသိတာထက် အခြေအနေပိုဆိုးနေတယ်....။

"Jiminnie...!!!!"

ဘေးနားမှာတောင်းပန်တိုးလျိုးသလို အကြည့်တွေနဲ့ လာထိုင်တဲ့ Taehyung ကို Jimin လှည့်မကြည့်မိပါ...။ သူတို့ကိုစိတ်ဆိုးနေသေးတယ်...။ ဘာစကားမှမပြောချင်သေးဘူး...။

"Yoongi Hyung က မင်းကိုတကယ်ချစ်တာပါ"

Jimin ဟင့်ခနဲမဲ့ပြုံးတစ်ချက် ပြုံးလိုက်မိတယ်...။ Yoongi Hyung...??? အင်းပေါ့.. သူ့နာမည်က Suga မှ မဟုတ်တာ...။ Min Yoongi လေ...။ ကိုယ်အချိန်အကြာကြီးသိနေခဲ့တာကတော့ Min Yoonji ဆိုတဲ့ အတန်းဖော်ကောင်မလေးအဖြစ်ပေါ့...။

"သူတကယ်မတတ်သာလို့ ခုလိုဖုံးကွယ်ထားရတာပါ... သူ့ကိုခွင့်လွှတ်ပေးလိုက်ပါနော် Jimin"

"နေစမ်းပါဦး... မင်းကိုသူကဘာမက်လုံးတွေ ပေးထားလို့လဲ... ဘာလို့သူ့ဘက်ကရှေ့နေလိုက်နေတာလဲ... ငါကမင်းသူငယ်ချင်းမဟုတ်ဘူးလား...?? ငါ့ဘက်ကိုရော စဉ်းစားမိရဲ့လား"

"မ... မဟုတ်ပါဘူး Jimin ရာ"

Jimin တအားစိတ်ဆိုးနေမှန်းသိလို့ Taehyung ဘာဆက်ပြောရမှန်းမသိခင်မှာပင် Jungkook နောက်ကနေရောက်လာပြီး လက်အသာကုတ်တယ်...။ သဘောကတော့ ဆက်မပြောနဲ့တော့ပေါ့...။ ဟုတ်တယ် Jimin လဲ ခုချိန်မှာ တစ်ယောက်တည်းပဲနေချင်တယ်...။ အတန်းတက်တာတောင် မဖြစ်မနေမို့...။ 

Boy Meets....????? (Completed) Where stories live. Discover now