အခုအချိန်
ကျတော့်ရဲ့ပျော်ရွှင်မှုတွေကို ဘာတွေနဲ့ နှိုင်းဆပြရမလဲတောင် ကျတော်မတွေးတတ်တော့လောက်အောင်ပါပဲ.......
ယုံကြည်မိတယ်.....
ကျတော် ဘယ်လိုအခက်အခဲမျိုးနဲ့ပဲ ကြုံကြုံ...
ဘယ်သူမှမမြင်နိုင်တဲ့နေရာကနေ ကိုကိုက ကျတော့်ကို အမြဲကာကွယ်ပေးနေမယ်ဆိုတာ......

ကိုကိုရဲ့ဝိဉာဥ်ခန္ဓာကိုယ်လေးထဲကို လူတွေက တွန်းတိုက် တိုးဝှေ့လို့.....
လူတွေရဲ့ ရိုက်ခတ်မှုဒဏ်ကြောင့် ကိုကိုတစ်ယောက် အင်အားယုတ်လျော့နေရှာပြီ.....

ရိပေါ့်ကို လှမ်းကြည့်မိတော့ ကိုကို့ကို စိုးရိမ်နေတဲ့မျက်ဝန်းတွေ......
ကိုကို့ဖြစ်တည်မှုကို မသိပဲ ကိုကို့ကို တွန်းတိုက်နေကြတဲ့လူတွေကို ဒေါသထွက်နေတဲ့ မျက်ဝန်းတွေ......
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း ကိုကို့ဆီကို ပြေးလာတော့မယ့်ခြေလှမ်းတွေ.....
ကိုကို့နှုတ်ခမ်းထက်မှာ အလှဆုံးအပြုံးလေး ချိတ်ဆွဲရင်း ရိပေါ့်ကို ခေါင်းလေး အသာယမ်းပြနေတယ်.....

ကိုယ်တို့နှစ်ယောက်ကြားမှာ စကားလုံးတွေမလိုဘူးမဟုတ်လား ရိပေါ်.....
ကိုယ် ဘာကို ဆိုလိုတယ်ဆိုတာ မင်း နားလည်တယ်မဟုတ်လား ရိပေါ်.....
ကိုယ့်ဆီကို မလာခဲ့ပါနဲ့.....
ကိုယ့်ကို ကာကွယ်ပေးဖို့ မကြိုးစားပါနဲ့.....
ကိုယ့်အတွက်တော့ ကိုယ့်ရဲ့ဖြစ်တည်မှုထက် မင်းက ပိုပြီးအရေးကြီးတယ် ရိပေါ်.....
ကိုယ်က ဒီလောကကနေ ထွက်ခွာသွားရလဲ ဘာမှမဖြစ်ဘူး ရိပေါ်.....
မင်းကိုတော့ အမြဲတောက်ပနေတဲ့ ကြယ်လေးတစ်ပွင့်အဖြစ်ပဲ ရှိနေစေချင်တယ်....

မင်း ကိုယ့်ဆီကို ခြေလှမ်းလိုက်တာနဲ့ လူတွေက မင်းကို ထူးထူးဆန်းဆန်းအကြည့်တွေနဲ့ ကြည့်ကုန်ကြလိမ့်မယ်.....
မင်း ကိုယ့်ကို ကာကွယ်ပေးလိုက်တာနဲ့ လူတွေက မင်းကို စကားလုံးတွေနဲ့ ထိုးနှက်ကြလိမ့်မယ်
ကိုယ့်ကို ကာကွယ်ပေးချင်နေတဲ့ မင်းရဲ့စိတ်ကလေးကိုပဲ ကိုယ်လက်ခံပါရစေ....
ကိုယ်တို့ နှလုံးသားချင်း နီးနေသ၍ ဘယ်တော့မှ မဝေးဘူး ရိပေါ်.....
.....

အိမ်ပြန်ရောက်တော့ ကိုကိုက သူခန္ဓာကိုယ်လေးကို ဆိုဖာပေါ်ကို ပစ်လှဲချလိုက်တယ်....
ကိုကို ပင်ပန်းနေရှာပြီ......
ကိုကိုက ကျတော့်ကို အပြည့်အဝ ကာကွယ်ပေးခဲ့ပေမယ့် ကျတော်ကကျ​တော့ ကိုကို့ကို ထိထိရောက်ရောက် ဘာမှ မကာကွယ်ပေးနိုင်ခဲ့ဘူး....
ကျတော် တောင်းပန်ပါတယ် ကိုကိုရယ်.....

ကြယ်ကလေးရဲ့အားပေးဖော် [Complete]Tempat cerita menjadi hidup. Temukan sekarang