အပိုင်း(၃၁)
Start from the beginning
နေဝေသော့်စိတ်ထဲတွင် ဒေါသကထောင်းကနဲ ပေါက်ထွက်သွားသည်။ ဖခင်ဖြစ်သူကိုမဟုတ်ဘဲ အတင်းအဖျင်းပြောသည့်သူတွေကို ဖြစ်သည်။ လူတွေများ ကိုယ်နဲ့မဆိုင်တာကို အရသာခံပြောခြင်းမှာ တော်တော်သဘောခွေ့နေကြတာ...။
"ကျွန်တော်ဘာတွေလုပ်နေလဲ မပြောခင်...ပါးပါးကို တစ်ခုအရင်ပြောပြမယ်...ကျွန်တော်သာ.ပါးပါးနေရာမှာဆို
သူများကိစ္စစိတ်ဝင်စားတဲ့ ဝန်ထမ်းတွေကိုတစ်ခါတည်း အလုပ်ထုတ်လိုက်ပြီ....
လူဆိုတာ ကိုယ့်အလုပ်ကိုယ်လုပ်မှ ရောက်နေတဲ့နယ်ပယ်မှာ သူများထက်မြင့်မားမှာ...သူတို့သာ အချိန်ကုန်ခံပြီး အတင်းမပြောဘဲ အလုပ်သာပိုကြိုးစားရင် companyလည်းတိုးတက်မယ်...သူတို့အတွက်လည်း အကျိုးမယုတ်ဘူး..."
"တော်စမ်းပါကွာ...အဲ့လိုနဲ့စကားလမ်းကြောင်းက လွဲသွားပြန်ပြီ...ငါပြောနေတာမင်းကိစ္စနော်... ဝန်ထမ်းတွေကိစ္စမဟုတ်ဘူး..."
မြှားဦးကကိုယ့်ဘက်လှည့်လာပြန်သည်မို့ မေမေ့လက်မောင်းကိုညှစ်ရင်း အကူအညီတောင်းသော်လည်း မျက်နှာလွှဲပြီး ရယ်နေသည်။
အော်.......မေမေက ငါအဆူခံရတာကို သဘောများကျနေတာလား...
ပါးပါးကလည်း ဘယ်သွားပြီးဘာလုပ်နေလဲ မသိရမချင်း မေးနေမည်ဖြစ်သောကြောင့် အကြောင်းစုံပြောပြ လိုက်တော့သည်။
"ကျွန်တော် အလေလိုက်နေတာမဟုတ်ပါဘူး ပါးပါးရာ...
ကူးလေး....အဲ....နန္ဒသွေးရဲ့အဘွားက နောက်ဆုံးအခြေအနေ ရောက်နေပြီမို့လို့ သူနဲ့အတူ ဆေးရုံမှာပဲနေနေတာ....
ပါးပါးပဲ ပြောထားတယ်လေ...
ကိုယ့်မိတ်ဆွေတစ်ယောက် အကူအညီလိုအပ်လာရင် ကူညီပေးရမယ့်တာဝန် ကိုယ့်မှာအပြည့်ရှိတယ်ဆို...
ပါးပါးလည်းသိပါတယ်....နန္ဒသွေးဆိုတာက ကျွန်တော့အတွက် မိတ်ဆွေတစ်ယောက်ဆိုတာထက် ပိုတန်ဖိုးရှိတယ်လေ...."
ကျွန်တော်က ဆက်ပြောချင်သေးပေမယ့် ပါးပါးလက်ကာပြလို့ ဒီလောက်နှင့်ရပ်လိုက်ရသည်။ ပါးပါးမျက်နှာတွင် ဒေါသအရိပ်အယောင်ထပ်မတွေ့ရ...။ ပါးပါးရော၊
မေမေရောက ဒီလိုကိစ္စတွေမှာ ကူညီဖို့စိတ်အား ထက်သန်ကြတာလည်း..ကျွန်တော်သိသည်။