For Zawgyi
မှောင်မည်းနေသော အခန်းက တိတ်ဆိတ်မှုအပြည့်နဲ့ ...
တံခါးဝနားက မီးခလုတ်ကို လက်နဲ့စမ်းကာဖွင့်တော့ နီယွန်မီးရောင် လင်းချင်းသွားပါတဲ့အခန်းကျယ် ...
အခန်းက တော်တော်ကျယ်သည် .... သာမန်အိပ်ခန်း ၃ခန်းစာလောက်ရှိမည်...
အခန်းရဲ့ဝင်ဝင်ချင်းမှာ ဘာမှရှိမနေ ... နံရံထက်မှာတော့ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှုနဲ့ ပန်းချီကားတွေက တစ်ဖက် ... အဖြူအမည်းမှစ၍ရောင်စုံ ဓာတ်ပုံကြီးများက တစ်ဖက် နေရာယူထားသည်...
ဝင်ပေါက်ရဲ့မျက်နှာချင်းဆိုင်တခြားတစ်ဖက်မှာ စာအုပ်စင်တွေကြီးသီးသန့် ... စာကြည့်တိုက်ပိစိလေးလို ...
အခန်းအလယ်တွင်တော့ စာကြည့်စားပွဲတစ်လုံး ..... စာကြည့်မီးအိမ်တစ်လုံးနဲ့ စာအုပ်တစ်အုပ်ကလွဲရင် ဘာမှမရှိ ...
အခန်းက အိုဟောင်းမနေ ... သို့သော် သစ်လွင်၍လည်းမနေပါ ... စိမ်းသက်တဲ့အငွေ့အသက်မျိုးမရှိပေမဲ့ နွေးထွေးမှုလည်းရှိမနေ ....
သန့်ရှင်းရေးမှန်မှန်လုပ်ပုံရသည် .... အခန်းထဲမှာ အောက်သိုးသိုးအနံမျိုးမရ ... သစ်မွှေးနံ့နဲ့ ရေနံချေးဝနေသော အနံ့မျိုးသာရသည် ...
သူက တိုက်ခန်းတွေမှာ ကြီးပြင်းခဲ့ရပြီး ကားတွေလူတွေ ရှုပ်ထွေးနေတဲ့ ပေါက်စီမြေမှာ နေထိုင်ခဲ့ရတဲ့လူဖြစ်တဲ့အတွက် မြန်မာ့ဓလေ့နဲ့တော့ အတော်အတန်ဝေးသည်...
ထို့ကြောင့် ဒီအိမ်ရဲ့ အငွေ့အသက်တွေက သူ့အတွက် နွေးထွေးမနေတာဖြစ်နိုင်သည် ....
အခန်းထဲကို တွန်းပို့သွား၍သာ ဝင်လာခဲ့ရသည် ... ဖြစ်နိုင်ရင် သူဒီအခန်းထဲ မဝင်ချင်ပါ ... သူသိလည်းမသိချင် ...
သူချစ်တယ်လေ ... သည်းငယ်ကိုသူချစ်နေရုံနဲ့မပြီးဘူးလား .....
သည်းငယ်အကြောင်းကို သိရမြှဖစ်မှာလား ....
သည်းငယ်က တစ်ခါတစ်လေ သိပ်နားလည်ရခက်သည် ... အခုပဲကြည့် ... ပြောစရာရှိတယ်ဆိုပြီးကာမှ သူ့ကို ဒီအခန်းထဲ တွန်းပို့သွားသည်အထိ ...
နံရံပေါ်ကို သူတစ်ချက်အကြည့်ရောက်သွားသည် ...
နှုတ်ခမ်းမွှေးကားကားနဲ့ ရင်ဖုံးတိုက်ပုံဝတ်ထားပြီးသျှောင်ထုံးနဲ့ လူကြီးတစ်ဉီး ... လက်ထဲမှာတော့ ဓားရှည်တစ်လက်နှင့် ... သူ့နားမှာ ဘီးဆံပတ်နှင့် ဖက်ဆေးလိပ်ကြီးဖွာကာ ထိုင်နေသော အမျိုးသမီး ... ပန်းချီကားက အင်မတန်လက်ရာမြောက်လှသည် ...
YOU ARE READING
မောင့်သည်းငယ် ( မောင့်သည်းငယ် ) ( Completed )
Romanceလူငယ်နဲ့လူကြီး ကိုယ်ကသူ့ကိုထိန်းရမလား သူကကိုယ့်ကိုဖေးမ မလား လူငယ်နဲ့လူကြီး ကိုယ်ကသူ့ကိုထိန်းရမလား သူကကိုယ့်ကိုဖေးမ မလား