အပိုင်း ၃၂ - အပိုငျး ၃၂
11.7K 1.1K 14
For Zawgi
" တောက်တီးတောက်တဲ့တွေ ပြောမနေနဲ့ အိပ်တော့ "
နှောင်းကို စကားပိတ်ပြောပြီးတော့ နောက်​ကျောပေးကာ အိပ်လိုက်တယ် ...
သို့ပေမဲ့ နောက်​ကျောပေးလိုက်တာက မှားတာပဲ ... သန်မာတဲ့လက်တစ်စုံက သူ့ကို ဖက်ပြီးနေပြီ ..
" ဉီး မညာတတ်ပဲ မညာပါနဲ့ ... ဉီး ကျနော့ကို ဖုံးကွယ်ထားလို့ပဲ ရမယ် .. ညာလို့မရဘူး ... ဖုံးကွယ်တယ်ဆိုတာကလည်း ကျနော်မသိချင်သေးလို့ပဲ ... ကျနော်သိချင်လာရင် ဉီး ကျနော့ကို ဘာကိုမှ ကွယ်ဝှက်ထားလို့မရဘူး "
" အမျိုးကောင်းလေး အိပ်ပါဆို စကားများနေတယ် .. လွှတ်ကွာ ပူတယ် "
" ဉီးအသားတွေ ဒီလေါက်အေးစက်နေတာကို ဘာမှမပူဘူး "
ဖက်ထားတဲ့ လက်တွေက သူ့လက်မောင်းတွေကို လာပွတ်တာမို့ မနေနိုင်ပဲ ရုတ်တရက် အိပ်ယာပေါ်က ခုန်ထလိုက်တယ် ...
" နှောင်း ဒီအခန်းထဲပဲ အိပ် ... "
ပြောပြီးတာနဲ့ သူ့ရဲ့ store ခန်းဆီ ပြေးဝင်လာပြီး တံခါးပိတ်ထားလိုက်ရတယ် ... တော်ပါ​သေးရဲ့ နောက်ကလိုက်မလာပေလို့ ...
အခန်းထဲမှာ အနားယူလို့ရတဲ့ ဆိုဖာရှည်ကြီးရှိနေလို့တော်သေး ...
စောင်ပါးလေးကို လွှမ်းခြုံလိုက်ရင်း ဆိုဖာရှည်ကြီးပေါ် သက်သောင့်သက်သာအနေအထားနဲ့ လဲလျောင်းလိုက်တယ် ...
" သူသိနေတာလား ... မဟုတ်လောက်ပါဘူးနော် ... "
စိတ်တို့က ဟိုရောက်ဒီရေါက်နဲ့ မနက်မိုးလင်းခါနီးမှ မှေးခနဲ အိပ်ပျော်သွားတော့သည် ....
အိပ်ပျော်သွားချိန်လေးတောင် ကလေးငယ်က သူ့ကိုအလွတ်မပေး .. အိပ်မက်ထဲမှာတောင် သူ့မှာ အသက်ရဲရဲမရှုဝံ့...
ပါးပြင်ပေါ်က အထိအတွေ့နဲ့အတူ သူရုတ်တရက်နိုးလာတယ် ... ဒါပေမဲ့ သူထလို့မရဘူး ... ခြေထောက်တွေက ကြိုးတွေတုတ်ထားသလို တင်းကျပ်နေတယ် ..
လည်ပင်းတွေ ခြောက်ကပ်နေလိုက်တာ ... အားးး သူရေသောက်ချင်တယ် ..
" နိုးပြီလား "
" နှောင်း "
နေပါဉီး နှောင်းကဘယ်လိုလုပ် ဒီအခန်းထဲရောက်နေရတာလဲ ... သူညက သေချာ lock ချထားပြီးမှ အိပ်တာပါ .... ဘာလဲ ဘယ်သူက သော့ပေးလိုက်တာလဲ ...