အပိုင်း ၁၄
12K 1.3K 4
A/N ရက်အနည်းငယ်ကြာသွားရတဲ့အတွက် တောင်းပန်ပါတယ်
" ကျွန်တော်က ပြခန်းဘက်ကမို့ ကြားကပဲနေပါ့မယ် ဒီက Art team နဲ့  ဒီက .... "
" လင်းစေ ပါ "
" ဟုတ်ကဲ့ ဒီက ကိုလင်းစေနဲ့ ဆွေးနွေးနိုင်ပါပြီ .... သူရ .. "
" ဟုတ်ကဲ့ဆရာ ... "
လက်ထောက်လေးက ကိုယ့်တာဝန်ကိုယ်သိသည်။ တစ်စက်လေးမှ အမှားမခံနိုင်သော သူတို့လုပ်ငန်းတွေအတွက် ကြိုတင်ပြင်ဆင်မှု အနေနဲ့ အသင့်ထားရှိသော video recorder ကို ဖွင့်လိုက်လေသည်။
" ကျွန်တော့်အနေနဲ့ ဒီကဆရာတို့နှစ်ယောက် ဆွေးနွေးတာကို ဘယ်နည်းနဲ့မှ ကြားဝင်ပြောမှာမဟုတ်ပါဘူး .. ဒါပေမဲ့ အမှန်တရားအတိုင်းပြောကြဖို့ လိုပါတယ် .. တစ်ခုခု မှားယွင်းတာတွေ့ခဲ့ရင် ကျွန်တော်တို့ဘက်က လုပ်ဆောင်သင့်တာတွေကို နှစ်ဖက်စလုံး တစ်ဖက်ကိုမှ မငဲ့ကွက်ပဲ လုပ်ဆောင်မှာ မို့လို့ပါ "
လောလောလတ်လတ်တော့ နှစ်ဖက်လုံးက ငြိမ်သွားသည်။ မျက်နှာတွေအကဲခတ်ကြည့်တော့ နှစ်ဖက်လုံးက စိုးရိမ်ပူပန်မှုတွေအထင်းသား။
အင်း.. တစ်ဖက်ဖက်က လိမ်နေတာ မဟုတ်ရင် နှစ်ဖက်လုံးက လိမ်နေတာပဲ ။ ဘယ်လိုနည်းနဲ့မှ နှစ်ဖက်လုံး အမှန်မဖြစ်နိုင်ဘူး။
" ကဲ ဒီဖက်က art team က ဆရာ စပြောပါ .. ကျွန်တော်က ကြားနေဖြစ်တဲ့အတွက် မေးခွန်းတွေမေးပေးပါ့မယ်  .. လက်ခံကြရဲ့လား "
" လက်ခံပါတယ် "
ဒီအခြေအနေရောက်မှ လက်မခံဘူးဆိုရင်တော့ သူ့အနေနဲ့ နှစ်ဖက်လုံးကို ဝတ္တရားနှောင့်ယှက်မှုရယ် လိမ်လည်မှုရယ်နဲ့ တရားစွဲလိုက်ဖို့က အလွယ်ကလေး ဖြစ်နေပြီမို့ နှစ်ဖက်လုံးက လက်ခံလိုက်ကြသည်။
" ဒီပန်းချီကားကို ဆရာတို့ Art team က ဆွဲတာလို့ပြောပြီး ကျွန်တော်တို့ gallery ကို သွင်းလာတာ မှတ်မိပါရဲ့နော် "
" ဟုတ်ကဲ့ .. အဲ့ဒါက ... "
" ဟုတ်တယ် မဟုတ်ဘူးပဲ ပြောပါ "
ရောင်းချခဲ့သည့် ပန်းချီကားရောင်းဝယ်စာချုပ်တွင် ပါသော အာမခံချက်တွေကို တစ်ချက်ချင်းထောက်ပြီး မေးနေတော့ Art team က ဆရာက ချွေးပျံလာသည်။