အပိုင်း ၂၄
၂၀၁၁ခုနှစ် ဧပြီလကုန် မြန်မာနိုင်ငံ
ရန်ကုန်ပြန်ရောက်ချိန် ည၇နာရီရန်ကုန်ညက မတိတ်ဆိတ်ပေမဲ့ သူနေထိုင်ရာ တိုတ်တန်းတို့ကတော့ တိတ်ဆိတ်လွန်းသည်..
မီးငယ်က အိမ်တွင်ညအိပ်သွားဖို့ပြောပေမဲ့ သူမနေချင်..
ကြိုဆိုသူရှိမလား မရှိဘူးလား မသေချာသည့် တိုက်ခန်းကိုပဲ ပြန်လာချင်သည်...
မီးငယ်ကို ပိတ်ရက် ထမင်းလာစားမည်ဟု ကတိပေးခဲ့ပြီး အိမ်ဟုသူသတ်မှတ်ထားသည့် တိုက်ခန်းသို့သာ သူပြန်လာဖြစ်သည်...
တိတ်ဆိတ်သည်... ခြောက်ကပ်သည်...
အမှိုက်တစ်စ ဖုန်တစ်စ မရှိပုံထောက် .. ကလေးငယ်တစ်ယောက် သန့်ရှင်းရေး ပုံမှန်လာလုပ်ပုံရသည်...
ဝရံတာဘက်တံခါးဖွင့်တော့ လေနုအေးက ချွေးစို့နေသောသူ့ကို ချွေးသိပ်သည်..
ထမင်းစားခဲ့ပြီမို့ ဗိုက်လေးနေချိန် လေအေးအေးလေး ခံလိုက်ရတော့ အိပ်ချင်လာသည်...
တိတ်ဆိတ်တဲ့ည ... လကလည်းမသာ.. လေတို့သာ အေးစပ်စက်တိုက်ခတ်နေပုံက သူ့အတွက် ခြောက်သွေ့နေသလို...
ဒါမှမဟုတ် ကြားနေကျအသံလေးတွေများ မကြားရလို့လား ...
ဘီယာတစ်ဗူးယူထုတ်လာကာ သူတစ်ငုံငုံလိုက်သည်...
ခါးသက်တဲ့ဘီယာရဲ့အရသာက ခါးသတ်တဲ့ညအတွက်တော့ မကျော်လွန်နိုင်ပုံပင်...
အင်း ... ရင်ထဲရှိလည်း လွမ်းတာပါပဲ
ထိုစဉ် တံခါးခေါက်သံ သဲ့သဲ့နဲ့ ဘဲလ်သံ ...
သူ့အခန်းကလား ... တခြားအခန်းကလား..
တခြားအခန်းကတော့မဖြစ်နိုင် ... ဘာလို့ဆို အခန်းတွေက အသံလုံစနစ်မို့ ..
ဘယ်သူပါလိမ့် ...
နှောင်းများလား ...
နှောင်းလည်းမဖြစ်နိုင်ပါ ...
နှောင်းသာဆို တံခါးဖွင့်ဝင်လာမှာပေါ့ ...
" ဘယ်သူလဲ "
သူ့အသံကို အပြင်ကမကြား၍ထင်သည်... ထပ်ခါထပ်ခါ ဘဲလ်တီးလာသလို တံခါးတို့ပါ ခေါက်လာသည်...
YOU ARE READING
မောင့်သည်းငယ် ( မောင့်သည်းငယ် ) ( Completed )
Romanceလူငယ်နဲ့လူကြီး ကိုယ်ကသူ့ကိုထိန်းရမလား သူကကိုယ့်ကိုဖေးမ မလား လူငယ်နဲ့လူကြီး ကိုယ်ကသူ့ကိုထိန်းရမလား သူကကိုယ့်ကိုဖေးမ မလား