Part 24 (U&Z)

6.9K 1K 37
                                    

ဆိုး၀ါးသော ညည်းညူသံကြီးသည် အဆက်မပြတ် ထွက်ပေါ်နေသည်။ သံကြိုးသံများ၏ တချွင်ချွင်မြည်သံသည် ခြောက်ခြားဖွယ်ရာပင်။ နက်ရှိုင်းလွန်းသည့် မြေအောက်နေရာတစ်ခု။ မည်းမည်းမှောင်နေသော ခန်းမရှေ့တွင် အားလက်စ်‌၏ ခြေလှမ်းများရပ်တန့်သွားသည်။ လက်သီးကို မသိမသာဆုပ်ဖြစ်သည်။ လှိုက်တက်လာသော ၀မ်းနည်းမှုများကို မြိုချဖြစ်သည်။

အခန်းတွင်းမှ သတ္တ၀ါကြီးသည် အားလက်စ်ရောက်လာသည်ကို သတိထားမိဟန်တူသည်။ သံကြိုးများကို ရုန်းကန်နေမှုသည် ကြမ်းသည်ထက် ကြမ်းလာသည်။ အော်မြည်သံကြီးသည် ကျယ်လောင်လာသည်။ ရုန်းကန်မှုများ ပြင်းထန်လာသည်။

အမှောင်ထဲမှာပေမယ့် အရာအားလုံးကို ပြတ်သားထင်ရှားစွာ အားလက်စ် မြင်နေရသည်။ မြေအောက်နေရာများသည် သွေးမည်းကွက်များ၊ လက်သည်းရာများဖြင့် ပြည့်နှက်နေသည်။ မျက်လုံးနီကြီးများနှင့် မြေကြွက်နီကြီးများသည် ကျင်းပေါက်များမှ ခေါင်းပြူထွက်ကာ စားကြွင်းစားကျန်များဖြစ်ဟန်တူသည့် လူ့အရိုးများ၊ အသားစများကို ဆွဲယူကိုက်စားရန် ကြိုးစားနေကြသည်။ သံကြိုးများခတ်ထားသည့် သတ္တ၀ါသည် မြေကြွက်ကြီးများကိုမြင်တိုင်း ဒေါသတကြီးအော်မြည်ကာ ဖမ်းယူစားသောက်ရန် ရုန်းကန်နေခြင်းဖြစ်သည်။

အားလက်စ် အခန်းတွင်းသို့ ၀င်လိုက်သည်နှင့် မြေကြွက်ကြီးများသည် ကျင်းများအတွင်း ပြန်လည်၀င်ရောက် ပျောက်ကွယ်သွားသည်။ ဂူးဂါးသံများနှင့် ဆူညံစွာအော်မြည်ရင်း သတ္တ၀ါကြီးသည် အားလက်စ်နှင့်‌ေ၀းနိုင်သမျှ ‌ေ၀းအောင်ရှောင်ရင်း အခန်းထောင့်နားမှာ ကပ်နေသည်။

ဘီလူးမတစ်ကောင်ဖြစ်သည်။ စုတ်ပြဲညစ်ပတ်နေသော အ၀တ်စများသည် ခါးအောက်ပိုင်းကိုသာ လုံခြုံစွာ ကာကွယ်ပေးထားနိုင်သည်။ မည်းညစ်ခြောက်သွေ့နေသော အသားရောင်နှင့် အသားစများ မရှိတော့သည့် ပခုံးရိုးကြီးတစ်ခုပေါ်နေသည်။ ငုတ်တုတ်ကြီးထိုင်နေကာ လက်သည်းချွန်များ ထိုးထွက်နေသော လက်ချောင်းကြီးများနှင့် မိမိမျက်နှာကို ကာထားသည်။ ဟက်တက်ကြီးကွဲနေသော လည်ပင်းနေရာမှ သွေးမည်းများ စီးကျနေသည်။ ၀မ်းခေါင်သံကြီးဖြင့် ညည်းညူနေသည်။

Dark AngelWhere stories live. Discover now