Part 13 (U & Z)

8.4K 1K 18
                                    

အားလက်စ်၏ မျက်လုံးများသည် သွေးဆာနေသော နတ်ဆိုးတစ်ကောင်လို ရဲရဲတောက်နေသည်။ ပြုံးခြင်းမဲ့ခြင်းမရှိသော မျက်နှာသည် မာထန်နေသည်။ အစင်းလိုက်သွေးကြောင်းများသည် နဖူးပေါ်မှ ပါးပြင်ထိ ကန့်လန့်ဖြတ်စင်နေသည်။ နားတစ်ဖက်တွင် တပ်ဆင်ထားသော ငှက်တောင်ပံသည် သွေးများဖြင့် ရွှဲရွှဲစိုနေသလို တစ်ကိုယ်လုံး သွေးစ၊ အသားစများဖြင့် ပေကျံနေသည်။

ဓါးများ၊ တုတ်များကို ကိုင်ဆောင်ထားသော လူများသည် အားလက်စ်ရှေ့တွင် တစ်ယောက်ပြီးတစ်ယောက် ရုပ်ပျက်ဆင်းပျက် လဲကျသေဆုံးနေကြသည်။ လူအုပ်ကြီးသည် သူတို့ထက် အသက်အရွယ်များစွာငယ်သော ကောင်လေး၏ အ၀တ်စကိုပင်ထိအောင် မတိုက်ခိုက်နိုင်ကြ။ အားလက်စ်၏ လက်ဖ၀ါးစောင်းသည် အသွားထက်လွန်းသော ဓါးသွားလိုပင်။ လက်ချောင်းများသည် ဓါးချွန်များကဲ့သို့ပင်။

"အား.."

အော်သံသည် အားလက်စ်ကို သွေးပူလာစေသည်။ မျက်နှာကိုစင်လာသော သွေးစက်များသည် နှုတ်ခမ်းနှင့် ထိမိသည်နှင့် ရှိန်းခနဲခံစားရစေသည်။ နှုတ်ခမ်းများကို လျှာနှင့်သပ်ချိန်တွင် မျက်လုံးများသည် ကျေနပ်မှုဖြင့် မှေးစင်းသွားသည်။ မိမိရှေ့မှ နားရွက်ကားကားနှင့်လူ၏ လည်ပင်းထဲသို့ စိုက်၀င်နေသော လက်ချောင်းများကို ချက်ချင်းဆွဲမထုတ်သေးဘဲ ပြူးထွက်မတတ် ပြူးကျယ်နေသော ထိုလူ၏မျက်လုံးထဲမှ နောက်ဆုံးထွက်သက်ကို အရသာခံကာ ရှာဖွေနေဖြစ်သည်။

ညာဘက်မှ လူရိပ်တစ်ခုနှင့် ဓါးရောင်ကို ရိပ်ခနဲမြင်လိုက်ရသည်။ အခြားလက်တစ်ဖက်နှင့် ထိုသူ၏မျက်နှာကို ဆုပ်ကိုင်လိုက်သည်။

"အ...အ..အစ်.."

ထိုအသံတွေသည် အသက်ငင်သံ။ အားလက်စ်၏ နားထဲတွင်ချိုမြိန်နေသည်။ ထိုလူ၏မျက်နှာကို အားထည့် ဖိညှစ်လိုက်ချိန် အရိုးအက်သံများနှင့်အတူ ထိုလူ၏ခေါင်းတစ်ခုလုံး မွမွကြေသွားသည်။ လည်ပင်းထဲစိုက်သွင်းထားသော နားရွက်ကားကားနှင့်လူ၏ လည်ပင်းမှ လက်ချောင်းများကို တစ်ပြိုင်နက်တည်း ဆွဲထုတ်လိုက်ချိန်တွင် အသက်မရှိတော့သော အလောင်းနှစ်လောင်းသည် အားလက်စ်၏ ခြေရင်းသို့ ပြိုင်တူလဲကျသွားသည်။

Dark AngelOù les histoires vivent. Découvrez maintenant